Tuesday, November 29, 2022

Latest Posts

အဘွားတစ်ဦး ရဲ့ ဘုရားပန်းတွေ အားလုံးကိုအားပေးခဲ့တဲ့ လူရွှင်တော် မိုးစက်

Unicode Version

လူရွှင်တော်မိုးစက် ကတော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ လုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူ လှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ အနုပညာရှင်တွေသာမက အဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်း အမြဲတမ်း တတ်စွမ်းသလောက်ကူညီခဲ့တဲ့ စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အသက် ၆၄နှစ်အရွယ်ရှိတဲ့ အဘွားအိုတစ်ဦးရဲ့ ဘုရားပန်းတွေအားလုံးကို ဝယ်ယူခဲ့တဲ့အပြင် အလှူငွေကိုပါ‌လှူတန်းခဲ့ပါတယ်။

” အလုပ်ကိစ္စတစ်ခုနဲ့ ဖေကြီးဦးမိုးဒီအိမ်စောစောလေး ရောက်နေချိန်…ဘုရားပန်းဆိုတဲ့ အော်သံကြားတော့ အိမ်ရှေ့ထွက်ကြည့်ချိန်မှာ…ဘုရားပန်း နည်းနည်းလေးကို ဒန်ဇလားထဲထည့်ပြီးရောင်းနေတဲ့ အသက် (၆၄)နှစ်အရွယ်အဘွားတစ်ယောက်ကို တွေ့လိုက်တယ်။ ဖေကြီးခဏနော် သားလှူဖို့ကြည့်လိုက်ဦးမယ်ဆိုတော့ ဖေကြီးဦးမိုးဒီလဲ စိတ်ဝင်စားပြီးအိမ်ရှေ့ထွက်လိုက်လာတယ်။ အဘွား ပန်းရောင်းရရဲ့လား….သိပ်မရောင်းရလို့ လက်ကျန်လေးတွေ ရောင်းနေတာပါ…. ဘုရားပန်းဆိုတာ..အမြတ်ကျန်တဲ့ ပန်းလေးတွေ ညှိူးကုန်ရင် ရှူံးရော သားရယ်…ဒီပန်းတွေ အကုန်လုံးကို ဘယ်လောက်ရှိလဲ အဘွား…သားအကုန်လုံး ယူမယ်ဆိုရင် ၁သောင်းဘဲ ပေးပါသားရယ်….”ဟုတ်ကဲ့ ရော့…၅သောင်း…ဟာ…အများကြီးဘဲ ဝမ်းသာလိုက်တာရှင်…အခုလို ဝမ်းသာရအောင်ကာလဒါနလေး လှူပေးတာပေါ့ဗျာ…ကျေးဇူးတင်ပါတယ်…ကျွန်မ မှာ ​မြောက်ဒဂုံက လာရောင်းရတာအခုရက်ပိုင််းထဲ သိပ်မရောင်းတော့စိတ်ညစ်နေတာ..အခုတော့အရမ်းဝမ်းသာရပါပြီကွယ်…ဖေကြီးဦးမိုးဒီကလဲ…ကဲ အစ်မကြီး ဒီထပ်အရောင်းအဝယ်တွေကောင်းပါစေဗျာ…ဆိုပြီးဆုတွေပေးလိုက်ပါသေးတယ်။ ဘုရားပန်းတွေလဲ ဖေကြီးဦးမိုးဒီအိမ်အတွက် ခွဲဝေပေးလိုက်တော့အဖေကြီးတို့ပါ ပျော်ပြီးကြည်နူးနေရပြီသားရေတဲ့ဖြတ်ခနဲ မြင်တွေ့ရပြီးလှူလိုက်ရတဲ့ အလှူက ဘယ်အရာနဲ့မှတန်ဖိုးဖြတ်လို့မရပါဘူးဗျာ…။ ကျွန်တော်လှူတိုင်းဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ မိတ်ဆွေများလဲ ကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။” လို့ မိုးစက်က ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ … လူရွှင်တော် မိုးစက် ကလူတွေကို ပျော်ရွှင်အောင် လူရွှင်တော်အဖြစ်ဖျော်ဖြေပေးသလို ခက်ခဲနေတဲ့ဘဝတွေကိုလည်း စာနာစိတ် တစ်ခုတည်းနဲ့ ဖေးမပေးတတ်တဲ့ ပရဟိတသမားကောင်းတစ်ယောက်အဖြစ်နဲ့ ပြည်သူတွေကို ရယ်မောစရာအပြင် အကူအညီတွေပါ ပေးတတ်သူမို့ တကယ်ကိုလေးစားစရာကောင်းပါတယ်။ ကိုမိုးစက်ရဲ့အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်း ပရိသတ်ကြီးရေ…။

ZawGyi version

အဘြားတစ္ဦး ရဲ႕ ဘုရားပန္းေတြ အားလုံးကိုအားေပးခဲ့တဲ့ လူ႐ႊင္ေတာ္ မိုးစက္

လူ႐ႊင္ေတာ္မိုးစက္ ကေတာ့ လတ္တေလာ ႏိုင္ငံေရးအေျခအေနနဲ႔ ကိုဗစ္ေရာဂါကူးစက္မႈျဖစ္ေပၚေနတဲ့ အခ်ိန္ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ လုပ္ေပးၿပီး မြန္ျမတ္တဲ့ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေပးေနတာ ျဖစ္ပါတယ္။ သူ႔ရဲ႕အလႉေလးေတြမွာ အနယ္နယ္အရပ္ရပ္ကေန ေစတနာရွင္မ်ားရဲ႕ လႉဒါန္းမႈေတြနဲ႔ အတူ လႉဒါန္းေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ သူျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေကာင္းမႈေတြကိုလည္း ပရိသတ္ေတြ ထပ္တူသာဓုေခၚႏိုင္ေအာင္ အၿမဲေဖာ္ျပေလ့ရွိပါတယ္။ အႏုပညာရွင္ေတြသာမက အဆင္မေျပတဲ့အိမ္ေထာင္စုေတြကိုေတြ႕ရင္လည္း အၿမဲတမ္း တတ္စြမ္းသေလာက္ကူညီခဲ့တဲ့ ေစတနာေကာင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ အသက္ ၆၄ႏွစ္အ႐ြယ္ရွိတဲ့ အဘြားအိုတစ္ဦးရဲ႕ ဘုရားပန္းေတြအားလုံးကို ဝယ္ယူခဲ့တဲ့အျပင္ အလႉေငြကိုပါ‌လႉတန္းခဲ့ပါတယ္။

” အလုပ္ကိစၥတစ္ခုနဲ႔ ေဖႀကီးဦးမိုးဒီအိမ္ေစာေစာေလး ေရာက္ေနခ်ိန္…ဘုရားပန္းဆိုတဲ့ ေအာ္သံၾကားေတာ့ အိမ္ေရွ႕ထြက္ၾကည့္ခ်ိန္မွာ…ဘုရားပန္း နည္းနည္းေလးကို ဒန္ဇလားထဲထည့္ၿပီးေရာင္းေနတဲ့ အသက္ (၆၄)ႏွစ္အ႐ြယ္အဘြားတစ္ေယာက္ကို ေတြ႕လိုက္တယ္။ ေဖႀကီးခဏေနာ္ သားလႉဖို႔ၾကည့္လိုက္ဦးမယ္ဆိုေတာ့ ေဖႀကီးဦးမိုးဒီလဲ စိတ္ဝင္စားၿပီးအိမ္ေရွ႕ထြက္လိုက္လာတယ္။ အဘြား ပန္းေရာင္းရရဲ႕လား….သိပ္မေရာင္းရလို႔ လက္က်န္ေလးေတြ ေရာင္းေနတာပါ…. ဘုရားပန္းဆိုတာ..အျမတ္က်န္တဲ့ ပန္းေလးေတြ ညႇိဴးကုန္ရင္ ရႉံးေရာ သားရယ္…ဒီပန္းေတြ အကုန္လုံးကို ဘယ္ေလာက္ရွိလဲ အဘြား…သားအကုန္လုံး ယူမယ္ဆိုရင္ ၁ေသာင္းဘဲ ေပးပါသားရယ္….”ဟုတ္ကဲ့ ေရာ့…၅ေသာင္း…ဟာ…အမ်ားႀကီးဘဲ ဝမ္းသာလိုက္တာရွင္…အခုလို ဝမ္းသာရေအာင္ကာလဒါနေလး လႉေပးတာေပါ့ဗ်ာ…ေက်းဇူးတင္ပါတယ္…ကြၽန္မ မွာ ​ေျမာက္ဒဂုံက လာေရာင္းရတာအခုရက္ပိုင္္းထဲ သိပ္မေရာင္းေတာ့စိတ္ညစ္ေနတာ..အခုေတာ့အရမ္းဝမ္းသာရပါၿပီကြယ္…ေဖႀကီးဦးမိုးဒီကလဲ…ကဲ အစ္မႀကီး ဒီထပ္အေရာင္းအဝယ္ေတြေကာင္းပါေစဗ်ာ…ဆိုၿပီးဆုေတြေပးလိုက္ပါေသးတယ္။ ဘုရားပန္းေတြလဲ ေဖႀကီးဦးမိုးဒီအိမ္အတြက္ ခြဲေဝေပးလိုက္ေတာ့အေဖႀကီးတို႔ပါ ေပ်ာ္ၿပီးၾကည္ႏူးေနရၿပီသားေရတဲ့ျဖတ္ခနဲ ျမင္ေတြ႕ရၿပီး
လႉလိုက္ရတဲ့ အလႉက ဘယ္အရာနဲ႔မွတန္ဖိုးျဖတ္လို႔မရပါဘူးဗ်ာ…။ ကြၽန္ေတာ္လႉတိုင္းဝိုင္းဝန္းလႉဒါန္းေပးၾကတဲ့ မိတ္ေဆြမ်ားလဲ ေက်းဇူးအထူးတင္လ်က္ပါခင္ဗ်ာ။” လို႔ မိုးစက္က ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ … လူ႐ႊင္ေတာ္ မိုးစက္ ကလူေတြကို ေပ်ာ္႐ႊင္ေအာင္ လူ႐ႊင္ေတာ္အျဖစ္ေဖ်ာ္ေျဖေပးသလို ခက္ခဲေနတဲ့ဘဝေတြကိုလည္း စာနာစိတ္ တစ္ခုတည္းနဲ႔ ေဖးမေပးတတ္တဲ့ ပရဟိတသမားေကာင္းတစ္ေယာက္အျဖစ္နဲ႔ ျပည္သူေတြကို ရယ္ေမာစရာအျပင္ အကူအညီေတြပါ ေပးတတ္သူမို႔ တကယ္ကိုေလးစားစရာေကာင္းပါတယ္။ ကိုမိုးစက္ရဲ႕အလႉေလးကို သာဓုေခၚဆိုခဲ့ပါအုန္း ပရိသတ္ႀကီးေရ…။

Latest Posts

Don't Miss