Sunday, November 27, 2022

Latest Posts

အဖိုးကိုသတ်လိုက်လို့ ​သူတို့စိတ်ခံစားချက်​တွေ အဆင်​ပြေမယ်ဆို ကျေနပ်ပါတယ်ဆိုတဲ့ ဟိန်းထက်

Unicode Version

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလာခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဟိန်းထက် ကတော့ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီးနောက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး တော်လှန်ဖို့ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဟိန်းထက် ဟာ ခံယူချက်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့အပြင် တစ်ဖက်တစ်လမ်းမှလဲ အဓမ္မတရားကို ဓမ္မတရားနဲ့တွန်းလှန်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာပါ။ မနေ့က ဧပြီလ ၂၈ ရက်နေ့က ဟိန်းထက် ရဲ့ အဖိုးဖြစ်သူကို လက်နက်ကိုင်လူတစ်စု ပစ်ခတ်သွားခဲ့တာကြောင့် သေနတ်ထိမှန် ကွယ်လွန်ခဲ့ပါတယ်။

ဟိန်းထက် ဟာ အဖိုးဖြစ်သူကို ပစ်ခတ်သွားတဲ့လူတွေကို မေတ္တာမပျက်ပါဘူးဆိုတဲ့အကြောင်းကို ” ဓမ္မတရား -ကျ​နော်ဒီဓမ္မလမ်း​ကြောင်းကို စ​လျှောက်ကတည်းက အယူမှားပြီးအစွန်း​ရောက်​နေတဲ့အဓမ္မမြတ်နိုးသူ​တွေ တိုက်ခိုက်ကြလိမ့်မယ်လို့ ကြိုသိပြီးထားပါ။ ဒါ​ကြောင့် ကျ​နော်ကြိုပြင်ဆင်နိုင်ခဲ့တယ်။ ကျ​နော်​လျှောက်တဲ့ ဓမ္မလမ်းစဥ်ဟာ မည်သူ့ကိုမှထိခိုက်​စေတာမဟုတ်လို့ ကျ​နော်ပိုယုံကြည်ခဲ့တယ်။ ဘယ်လိုအဖွဲ့အစည်း ဘယ်လိုလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဓမ္မတရားကိုဆန့်ကျင်တဲ့ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကျ​နော်အားမ​ပေးပါဘူး။မီးဆိုကတည်းကပူမှာပါပဲ။ ​အေးမျှတဲ့ မီးဆိုပြီးမရှိပါဘူး။ ဒါ​ကြောင့်ခုဖြစ်သွားတဲ့ ကျ​နော်အဖိုး​သေဆုံးရတဲ့ကိစ္စမှာ သတ်သွားတဲ့သူ​တွေကို ကျ​နော် ​မေတ္တာမပျက်ပါဘူး။ ဘာလို့လည်းဆို ကျ​နော်​ရေးခဲ့တဲ့ လက်နက်ကိုင်စစ်ပွဲဆိုတဲ့ ​ခေါင်းစဥ်​အောက်က အ​မေရိကန်နဲ့ တာလီဘန်တို့လိုပါပဲ။ သူတို့မှာလည်း ဒီလိုလုပ်ရတဲ့အ​ကြောင်းပြချက်ရှိပါတယ်။ သူတို့မိသားစုဖြစ်​စေ တစ်စုံတစ်ခု​ဆုံးရှုံးခဲ့ရလို့ ဒီလိုပတ်ဝန်းကျင်မှာ အ​နေများပြီး အမှားအမှန်မသိပဲ တုန့်ပြန်ကြတဲ့ ​မောဟများတဲ့သူ​တွေဖြစ်လို့ ကျ​နော် ဂရုဏာသက်မိပါတယ်။သူတို့ ကျ​​နော့်အဖိုးကိုသတ်လိုက်လို့ ​ပျော်ရွှင်မယ် သူတို့ စိတ်ခံစားချက်​တွေ အဆင်​ပြေသွားမယ်ဆို ကျ​နော်​ကျေနပ်ပါတယ်။ ဒါ​ပေမယ့် ကျ​နော်ရပ်တည်ချက် ဓမ္မဘက်က​နေ​တော့ ကျ​နော် ​ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျ​နော်ကို သတ်ချင်သတ်လို့ရလိမ့်မယ် ကျ​နော် ယုံကြည်တဲ့ ကျ​နော့်ရင်ထဲက ဓမ္မတရားက​တော့ အမြဲရှင်သန်​နေပါလိမ့်မယ်” လို့ ရေးသားထားပါတယ်။

စာဖတ်ပရိသတ်ကြီးရေ မင်းသား ဟိန်းထက် ကတော့ အဖိုးကိုသတ်လိုက်လို့ ​သူတို့စိတ်ခံစားချက်​တွေ အဆင်​ပြေမယ်ဆို ကျေနပ်ပါတယ်လို့ သူ့ရဲ့လေးစားဖို့ကောင်းတဲ့ စိတ်ခံစားချက်ကို ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

ZawGyi Version

အဖိုးကိုသတ္လိုက္လို႔ ​သူတို႔စိတ္ခံစားခ်က္​ေတြ အဆင္​ေျပမယ္ဆို ေက်နပ္ပါတယ္ဆိုတဲ့ ဟိန္းထက္

MRTV-4 ဇာတ္လမ္းတြဲေတြမွတစ္ဆင့္ နာမည္ႀကီးလာခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ဟိန္းထက္ ကေတာ့ လက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံရၿပီးေနာက္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ လက္နက္ကိုင္ၿပီး ေတာ္လွန္ဖို႔ႀကိဳးစားေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဟိန္းထက္ ဟာ ခံယူခ်က္နဲ႔ စိတ္ဓာတ္ခိုင္မာတဲ့အျပင္ တစ္ဖက္တစ္လမ္းမွလဲ အဓမၼတရားကို ဓမၼတရားနဲ႔တြန္းလွန္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားေနတာပါ။ မေန႔က ဧၿပီလ ၂၈ ရက္ေန႔က ဟိန္းထက္ ရဲ႕ အဖိုးျဖစ္သူကို လက္နက္ကိုင္လူတစ္စု ပစ္ခတ္သြားခဲ့တာေၾကာင့္ ေသနတ္ထိမွန္ ကြယ္လြန္ခဲ့ပါတယ္။

ဟိန္းထက္ ဟာ အဖိုးျဖစ္သူကို ပစ္ခတ္သြားတဲ့လူေတြကို ေမတၱာမပ်က္ပါဘူးဆိုတဲ့အေၾကာင္းကို ” ဓမၼတရား -က်​ေနာ္ဒီဓမၼလမ္း​ေၾကာင္းကို စ​ေလွ်ာက္ကတည္းက အယူမွားၿပီးအစြန္း​ေရာက္​ေနတဲ့အဓမၼျမတ္ႏိုးသူ​ေတြ တိုက္ခိုက္ၾကလိမ့္မယ္လို႔ ႀကိဳသိၿပီးထားပါ။ ဒါ​ေၾကာင့္ က်​ေနာ္ႀကိဳျပင္ဆင္ႏိုင္ခဲ့တယ္။ က်​ေနာ္​ေလွ်ာက္တဲ့ ဓမၼလမ္းစဥ္ဟာ မည္သူ႔ကိုမွထိခိုက္​ေစတာမဟုတ္လို႔ က်​ေနာ္ပိုယုံၾကည္ခဲ့တယ္။ ဘယ္လိုအဖြဲ႕အစည္း ဘယ္လိုလူပုဂၢိဳလ္ပဲျဖစ္ျဖစ္ ဓမၼတရားကိုဆန္႔က်င္တဲ့ မည္သည့္အၾကမ္းဖက္မႈမ်ိဳးကိုမဆို က်​ေနာ္အားမ​ေပးပါဘူး။မီးဆိုကတည္းကပူမွာပါပဲ။ ​ေအးမွ်တဲ့ မီးဆိုၿပီးမရွိပါဘူး။ ဒါ​ေၾကာင့္ခုျဖစ္သြားတဲ့ က်​ေနာ္အဖိုး​ေသဆုံးရတဲ့ကိစၥမွာ သတ္သြားတဲ့သူ​ေတြကို က်​ေနာ္ ​ေမတၱာမပ်က္ပါဘူး။ ဘာလို႔လည္းဆို က်​ေနာ္​ေရးခဲ့တဲ့ လက္နက္ကိုင္စစ္ပြဲဆိုတဲ့ ​ေခါင္းစဥ္​ေအာက္က အ​ေမရိကန္နဲ႔ တာလီဘန္တို႔လိုပါပဲ။ သူတို႔မွာလည္း ဒီလိုလုပ္ရတဲ့အ​ေၾကာင္းျပခ်က္ရွိပါတယ္။ သူတို႔မိသားစုျဖစ္​ေစ တစ္စုံတစ္ခု​ဆုံးရႈံးခဲ့ရလို႔ ဒီလိုပတ္ဝန္းက်င္မွာ အ​ေနမ်ားၿပီး အမွားအမွန္မသိပဲ တုန္႔ျပန္ၾကတဲ့ ​ေမာဟမ်ားတဲ့သူ​ေတြျဖစ္လို႔ က်​ေနာ္ ဂ႐ုဏာသက္မိပါတယ္။သူတို႔ က်​​ေနာ့္အဖိုးကိုသတ္လိုက္လို႔ ​ေပ်ာ္႐ႊင္မယ္ သူတို႔ စိတ္ခံစားခ်က္​ေတြ အဆင္​ေျပသြားမယ္ဆို က်​ေနာ္​ေက်နပ္ပါတယ္။ ဒါ​ေပမယ့္ က်​ေနာ္ရပ္တည္ခ်က္ ဓမၼဘက္က​ေန​ေတာ့ က်​ေနာ္ ​ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ က်​ေနာ္ကို သတ္ခ်င္သတ္လို႔ရလိမ့္မယ္ က်​ေနာ္ ယုံၾကည္တဲ့ က်​ေနာ့္ရင္ထဲက ဓမၼတရားက​ေတာ့ အၿမဲရွင္သန္​ေနပါလိမ့္မယ္” လို႔ ေရးသားထားပါတယ္။

စာဖတ္ပရိသတ္ႀကီးေရ မင္းသား ဟိန္းထက္ ကေတာ့ အဖိုးကိုသတ္လိုက္လို႔ ​သူတို႔စိတ္ခံစားခ်က္​ေတြ အဆင္​ေျပမယ္ဆို ေက်နပ္ပါတယ္လို႔ သူ႔ရဲ႕ေလးစားဖို႔ေကာင္းတဲ့ စိတ္ခံစားခ်က္ကို ေျပာျပလိုက္တာပဲ ျဖစ္ပါတယ္။

Latest Posts

Don't Miss