Tuesday, December 6, 2022

Latest Posts

အပြစ်များအားလုံးကို ၀န်ခံလိုက်တဲ့ Seungri ဟာ‌ထောင်ဒဏ် တစ်နှစ်ခွဲလျှော့ချခံရ

UNICODE VERSION

ဇန်န၀ါရီလ ၂၇ရက်နေ့က သီးသန့်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ Big Bang အဖွဲ့ဝင်ဟောင်း Seungri ကို တောင်ကိုရီးယားစစ်တပ်ရဲ့ တရားရုံးချုပ်က နောက်ဆုံး အယူခံ တရားခွင် အတွင်းမှာ တစ်နှစ်ခွဲ လျော့ပေါ့ပေးခဲ့တာပဲဖြစ်ပါတယ်။

2021 ခုနှစ် သြဂုတ်လတွင် Seungri အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ တရားမဝင် ကင်မရာရိုက်ကူးမှု၊ ပြည့်တန်ဆာ တောင်းခံမှု၊ တရားမဝင် လောင်းကစားမှု၊ တရားမဝင် နိုင်ငံခြားငွေလွှဲမှု၊ စော်ကားမှု၊ အစားအသောက် သန့်ရှင်းရေးဥပဒေများ ချိုးဖောက်မှုအပါအဝင် စတဲ့ ရာဇ၀တ်မှု ၉ ခုအတွက် စုစုပေါင်း ထောင်ဒဏ် 3 နှစ်အပြင် ဒဏ်ငွေ ဒေါ်လာ ကိုသိန်း‌‌ခြောက်သောင်း ဆောင်ခိုင်းခဲ့ပါတယ်။

2021 ခုနှစ် အောက်တိုဘာလတွင် Seungri ၏တရားဝင်ကိုယ်စားလှယ် က တရားရုံးရဲ့ ကနဦးစီရင်ချက်ချပြီးနောက် အယူခံဝင်ရန် လျှောက်ထားခဲ့ပါတယ်။ စစ်ဘက်တရားစွဲဆိုမှုတွင်လည်း အယူခံတင်ခဲ့ပြီး ရလဒ်အနေဖြင့် Seungri ဟာ မဖြစ်မနေ စစ်မှုထမ်း တာ၀န်များမှု နှုတ်ထွက်ဖို့အတွက်နှောင့်နှေးခဲ့ပါတယ်။

မူလက သူရဲ့ စွပ်စွဲချက်မှာ အပြစ်မရှိဘူးဆိုရင်တော့ စက်တင်ဘာလ ၁၆ ရက် ၂၀၂၁ ခုနှစ်တွင် တာ၀န်မှရပ်စဲပေးမှာဖြစ်ပါတယ်။ အထက် တရားရုံးရဲ့ အယူခံ ၀င်တဲ့ ကြားနာမှု အပြီးမှာ‌တော့ Seungri ဟာ ရာဇ၀တ်မှု ၉ ခုစလုံးကို ၀န်ခံခဲ့ပါတယ်။ ကနဦး ရုံးချိန်း စီရင်ချက်ကို ပြန်လည်ညှိနှိုင်းနေစဥ်အတွင်း Seungri က၀န်ခံခဲ့သောကြာင့် ထည့်သွင်းစဥ်းစားကာအမိန့်ချမှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ Seungri ဟာ စစ်အကျဥ်းထောင် လိုပုံစံဖြစ်တဲ့ ROK Military’s Correctional Institution မှာ အကျဥ်းကျနေတာပဲဖြစ်ပါတယ်။

Seungri က တရားရုံးချုပ် ရဲ့ အယူခံ၀င် မှုစီရင်ချက်ကို လက်ခံပါက စီရင်ချက်ချချိန်မှစ၍ ၅ လကြာ ထိန်းသိမ်းထားသည်ကို ပါထည့်သွင်းစဥ်းစား‌ပေးမယ်လို့သိရပါတယ်။ အဲ့လိုဆိုရင်တော့ Seungri ဟာ ခန့်မှန်းခြေ အားဖြင့် တစ်နှစ်နှင့် တစ်လ ချမှတ်ခံရဖွယ်ရှိနိုင်တယ်လို့ ယူဆရပါတယ်။

ZAWGYI VERSION








Latest Posts

Don't Miss