Tuesday, November 29, 2022

Latest Posts

အပြစ်တွေကျေအောင် မိခင်ဖြစ်သူရဲ့ ထဘီတွေကို လျှော်ပေးနေတဲ့ လူရွှင်တော် ဒိန်းဒေါင်

Unicode Version

ပရိသတ်ကို ရယ်မောပျော်ရွှင်အောင် ဖျော်ဖြေပေးခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင် ကိုတော့ လူတိုင်းသတိထားမိကြလိမ့်မယ်ထင်ပါတယ်။ လူရွှင်တော်ကြီး ခင်လှိုင် နဲ့အတူတူတွဲဖက်ပြီး ပြက်လုံးတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အတွဲညီညီသရုပ်ဖော်နိုင်သူကတော့ ဒိန်းဒေါင် ပဲဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ဟာသသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကို ရသစုံပေးစွမ်းနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒိန်းဒေါင် ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Video တစ်ခုနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှု့ကိုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့တွေ နည်းပါးသွားခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကတော့ လူရွှင်တော် ဒိန်းဒေါင် ၄၈ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူရဲ့ကျေးဇူးတွေကို သိတတ်တဲ့အနေနဲ့ မိခင်ဖြစ်သူဝတ်ဆင်တဲ့ ထဘီတွေကို လျှော်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကို ” လွန်ခဲ့တဲ့48နှစ်ကဒီအချိန် လူ့ဘဝကြီးထဲကို အသက်နဲ့ရင်းပြီး မွေးထုတ်ပေးခဲ့တဲ့ အမေ့ရဲ့ကျေးဇူးကိုသံသရာများစွာ သားဆပ်နိုင်ပါစေ အမေ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ထဘီလျှော်ပေးနေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မိခင်ဖြစ်သူအတွက် စာသားအချို့ကို ရေးသားထားတာကို တွေ့ရပါတယ်နော်။ ဟာသသရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင် ဟာမိဘကိုသိတတ်သူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကို အရမ်းကိုချစ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။ ဒိန်းဒေါင် ရဲ့ ပို့စ်အောက်မှာတော့ ချစ်တဲ့ပရိသတ်တွေက သာဓုခေါ်ဆိုနေကြပြီး ချီးကျူးစကားလေးတွေကို ပြောနေကြတာကိုလဲ တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ မိခင်ဖြစ်သူအပေါ် သိတတ်တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင် အတွက် ချီးကျူးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Zawgyi Version





Latest Posts

Don't Miss