Sunday, November 27, 2022

Latest Posts

အတိုးတွေတတ်လာတာကြောင့် သိန်း ၇၀ ကိုအိမ်ရောင်းပြီး အကြွေးဆပ်လိုက်ရဖူးတဲ့ လူရွှင်တော်ကြီး ဦးနေကျော်

Unicode Version

ထူထဲတဲ့ မျက်ခုံးမွှေးကြီးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေကို ဟာဒယရွှင်ဆေး ပြက်လုံးတွေနဲ့ အမြဲတမ်းတင်ဆက်ပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးနေကျော် ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ လူရွှင်တော်ကြီး ဦးနေကျော် ဟာ သူ့ရဲ့ဘဝမှာ ၁၀ ပေ ၆၀‌ပေ ကျယ်ဝန်းတဲ့ အိမ်လေးတစ်လုံး ပိုင်ခဲ့ဖူးပါတယ်တဲ့။ ဒီလိုနဲ့ ဇာတ်ပွဲတွေမှာ လိုက်ကရင်းအဆင်မပြေတော့တာနဲ့ ပြန်ရောင်းလိုက်တာ အိမ်ဌားဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ဌားဘဝနဲ မနေချင်တာကြောင့် စိတ်မလျော့ဘဲ ကြိုးစားခဲ့တာ အိမ်လေးတစ်လုံးကို ဝယ်နိုင်ခဲ့ပြန်ပါတယ်။ နောက်ပိုင်းကာလတွေမှာ ပွဲတွေတောက်လျှောက်ကရပေမယ့် စားဝတ်နေရေးဟာ အဆင်မပြေနေခဲ့ပါဘူး။

အိမ်နဲ့ဝေးရာမှာ အလုပ်လုပ်ကိုင်နေတဲ့ ဦးနေကျော် အတွက် အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေရဲ့လား လို့ ပြန်မေးလိုက်တဲ့အခါမှာတော့ သူရတဲ့ပိုက်ဆံနဲ့မလောက်တာကြောင့် ပိုင်တဲ့အိမ်ဂရန်လေးကို ပေါင်ထားပြီး စားဝတ်နေရေးကို ဖြေရှင်းလိုက်ရပါတယ်တဲ့။ အဲ့ဒါနဲ့ အကြွေးတင်ပြီး အတိုးပေါ်အတိုးဆင့်ဆင့်လာပြီး အိမ်လေးကိုရောင်းပြီး အကြွေးဆပ်လိုက်ရပြန်တယ်။ လက်ရှိမှာတော့ ကြွေးမှီးတွေကင်းသွားပြီး အခုဌားနေတဲ့ အိမ်လေးကို ကိုယ့်အိမ်လိုသဘောထားပြီး သန့်သန့်ရှင်းရှင်းထား၍ နေထိုင်နေပါတယ်။ ဒီလိုကာလက ပျော်ပွဲရွှင်ပွဲတွေ မရှိတော့တာကြောင့် ဇာတ်ပွဲတွေ မကရတာကြောင့် စျေးရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။ လူရွှင်တော်ကြီး ဦးနေကျော် မှာ အိမ်ထောင်ရှိတဲ့ သားလေးတစ်ယောက်ရှိပြီး လှည်းတန်းစင်တာမှာ အလုပ်လုပ်ရင်း တစ်လကို ငါးသောင်းထောက်ပံ့ပေးပါတယ်တဲ့။

ဦးနေကျော် ဟာ အနုပညာအလုပ်လုပ်နေရရင် ပျော်တာကြောင့် ဘယ်အချိန်ပြန်လုပ်ရမလဲဆိုတာပဲ အမြဲစောင့်နေခဲ့တာပါ။ ပရိသတ်တွေဟာ ထမင်းကျွေးတဲ့ ကျေးဇူးရှင်တွေဖြစ်ပြီး သူတို့ထောက်ပံ့အားပေးလို့လဲ ဒီလိုအချိန်မှာ အဆင်ပြေနေတာပါ။ ဒါကြောင့် အခွင့်ကြုံရင် ပရိသတ်တွေကို တတ်ကျွမ်းတဲ့ အနုပညာနဲ့ ကျေးဇူးပြန်ဆပ်ချင်ပါတယ်တဲ့။

ZawGyi Version

အတိုးေတြတတ္လာတာေၾကာင့္ သိန္း ၇၀ ကိုအိမ္ေရာင္းၿပီး အေႂကြးဆပ္လိုက္ရတဲ့ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္

ထူထဲတဲ့ မ်က္ခုံးေမႊးႀကီးကို ပိုင္ဆိုင္ထားၿပီး ပရိသတ္ေတြကို ဟာဒယ႐ႊင္ေဆး ျပက္လုံးေတြနဲ႔ အၿမဲတမ္းတင္ဆက္ေပးခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ ကိုေတာ့ အားလုံးပဲမွတ္မိၾကအုန္းမယ္ ထင္ပါတယ္။ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ ဟာ သူ႔ရဲ႕ဘဝမွာ ၁၀ ေပ ၆၀‌ေပ က်ယ္ဝန္းတဲ့ အိမ္ေလးတစ္လုံး ပိုင္ခဲ့ဖူးပါတယ္တဲ့။ ဒီလိုနဲ႔ ဇာတ္ပြဲေတြမွာ လိုက္ကရင္းအဆင္မေျပေတာ့တာနဲ႔ ျပန္ေရာင္းလိုက္တာ အိမ္ဌားဘဝကို ေရာက္ရွိသြားခဲ့ပါတယ္။ ဒါေပမယ့္ အိမ္ဌားဘဝနဲ မေနခ်င္တာေၾကာင့္ စိတ္မေလ်ာ့ဘဲ ႀကိဳးစားခဲ့တာ အိမ္ေလးတစ္လုံးကို ဝယ္ႏိုင္ခဲ့ျပန္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာ ပြဲေတြေတာက္ေလွ်ာက္ကရေပမယ့္ စားဝတ္ေနေရးဟာ အဆင္မေျပေနခဲ့ပါဘူး။

အိမ္နဲ႔ေဝးရာမွာ အလုပ္လုပ္ကိုင္ေနတဲ့ ဦးေနေက်ာ္ အတြက္ အိမ္မွာက်န္ရစ္ခဲ့တဲ့ မိသားစုစားဝတ္ေနေရး အဆင္ေျပရဲ႕လား လို႔ ျပန္ေမးလိုက္တဲ့အခါမွာေတာ့ သူရတဲ့ပိုက္ဆံနဲ႔မေလာက္တာေၾကာင့္ ပိုင္တဲ့အိမ္ဂရန္ေလးကို ေပါင္ထားၿပီး စားဝတ္ေနေရးကို ေျဖရွင္းလိုက္ရပါတယ္တဲ့။ အဲ့ဒါနဲ႔ အေႂကြးတင္ၿပီး အတိုးေပၚအတိုးဆင့္ဆင့္လာၿပီး အိမ္ေလးကိုေရာင္းၿပီး အေႂကြးဆပ္လိုက္ရျပန္တယ္။ လက္ရွိမွာေတာ့ ေႂကြးမွီးေတြကင္းသြားၿပီး အခုဌားေနတဲ့ အိမ္ေလးကို ကိုယ့္အိမ္လိုသေဘာထားၿပီး သန႔္သန႔္ရွင္းရွင္းထား၍ ေနထိုင္ေနပါတယ္။ ဒီလိုကာလက ေပ်ာ္ပြဲ႐ႊင္ပြဲေတြ မရွိေတာ့တာေၾကာင့္ ဇာတ္ပြဲေတြ မကရတာေၾကာင့္ ေစ်းေရာင္းၿပီး စားဝတ္ေနေရးကို ေျဖရွင္းေနပါတယ္။ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ မွာ အိမ္ေထာင္ရွိတဲ့ သားေလးတစ္ေယာက္ရွိၿပီး လွည္းတန္းစင္တာမွာ အလုပ္လုပ္ရင္း တစ္လကို ငါးေသာင္းေထာက္ပံ့ေပးပါတယ္တဲ့။

ဦးေနေက်ာ္ ဟာ အႏုပညာအလုပ္လုပ္ေနရရင္ ေပ်ာ္တာေၾကာင့္ ဘယ္အခ်ိန္ျပန္လုပ္ရမလဲဆိုတာပဲ အၿမဲေစာင့္ေနခဲ့တာပါ။ ပရိသတ္ေတြဟာ ထမင္းေကြၽးတဲ့ ေက်းဇူးရွင္ေတြျဖစ္ၿပီး သူတို႔ေထာက္ပံ့အားေပးလို႔လဲ ဒီလိုအခ်ိန္မွာ အဆင္ေျပေနတာပါ။ ဒါေၾကာင့္ အခြင့္ႀကဳံရင္ ပရိသတ္ေတြကို တတ္ကြၽမ္းတဲ့ အႏုပညာနဲ႔ ေက်းဇူးျပန္ဆပ္ခ်င္ပါတယ္တဲ့။

Latest Posts

Don't Miss