Saturday, December 3, 2022

Latest Posts

အဆိုတော် ဟင်နရီ ရဲ့လုပ်ရပ်ကို စိတ်ပျက်နေကြတဲ့ ကိုရီးယား Netizenများ

Unicode Version

super Jinior အဖွဲ့၀င်ဟောင်းဖြစ်တဲ့ အဆိုတော် ဟင်နရီ ဟာ တရုတ်နိုင်ငံကို ရှုတ်ချတဲ့ မှတ်ချက်များကို ၎င်းရဲ့ YouTube ချန်နယ်မှ ချက်ခြင်း ဖျက်လိုက်ပြီး ကိုရီးယားနှင့် ပတ်သက်သည့် အနုတ်လက္ခဏာဆောင်သော မှတ်ချက်များကို ချန်ထားခဲ့တယ်လို့ စွပ်စွဲခံနေရတာတာပဲဖြစ်ပါတယ်။

မကြာသေးမီက၊ fmkorea နှင့် theqoo စတဲ့ အွန်လိုင်းအသိုင်းအဝိုင်းများတွင် Henry ရဲ့ YouTube ချန်နယ်ရှိ မှတ်ချက်အပိုင်းများ ကို Netizens တွေဟာ ဖမ်းယူမျှဝေခဲ့ကြတာပဲဖြစ်ပါတယ်။ ဓာတ်ပုံများတွင် ၎င်းတို့သည် ဘာသာပြန်အက်ပ်ကို အသုံးပြု၍ ဘာသာပြန်ထားသကဲ့သို့ ဖတ်ရတာအဆင်မပြေတဲ့မှတ်ချက်များ ရေးထားသည်ကို ပြသထားကြပါတယ်။

အချို့သော မှတ်ချက်များကတော့ ကိုရီးယားဟာ တရုတ်ရဲ့ ခံနိုင်ငံအဖြစ် ရည်ညွှန်းထားပြီး ကိုးရီးယားကို ရှုတ်ချထားတဲ့မှတ်ချက်တွေပါ၀င်ပါတယ်။ သို့ပေမယ့် တရုတ်ကို ‌ဝေဖန်ပြစ်တင်ထားတဲ့ မှတ်ချက်တွေကိုတော့ ဖျက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ ၂၁ ရက်နေ့အထိ တရုတ်ကို ရှုတ်ချတဲ့ မှတ်ချက်တွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။

အဆိုတော် ဟင်နရီ ဟာ အစီအစဉ်အမျိုးမျိုးတွင် တောင်ကိုးရီးယားကိုချစ်မြစ်နိုးကြောင်း ပြသခဲ့ပေမယ့် အခုလုပ်ရပ်ကိုတော့ ကိုးရီးယား netizens တွေဟာ စိတ်ပျက်နေကြတာပဲဖြစ်ပါတယ်။ ကိုရီးယားကို ရှုတ်ချသော မှတ်ချက်များသည် YouTube တွင် ကျန်ရစ်ခဲ့ပြီး တရုတ်ကို ရှုတ်ချတဲ့မှတ်ချက်တွေကို တော့ ဖျက်ပစ်ခဲ့လိုပဲဖြစ်ပါတယ်။ ကိုးရီးယား netizens အချိူ့ ကYouTube ချန်နယ်ကို စီမံခန့်ခွဲသူဟာ သူမဟုတ်ဘဲ နောက်တစ်ယောက်ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပေမယ့်လည်း netizens အများစုကိုတော့ အဲ့အကြောင်းအရင်းက စိတ်ကျေနပ်မှုမပေးနိုင်ခဲ့ပါဘူး။

အင်တာနက်အသုံးပြုသူတွေက “သူ့ကို ကနေဒါလူမျိုးလို့ ထင်ခဲ့တာ” “ကျွန်တော် သူ့ကို စိတ်ပျက်မိပါတယ် ကျွန်တော်ဆိုလိုတာက တရုတ်ကို ရှုတ်ချတဲ့မှတ်ချက်ကျတော့ဖျက်ပြီး ကိုရီးယား ရှုတ်ချတဲ့မှတ်ချက်ကျတော့ဘာကြောင့်မဖျက်ခဲ့တာလဲ” “”သူက ချန်နယ်ကို ကိုယ်တိုင် စီမံခန့်ခွဲတယ်လို့ မထင်ပါဘူး၊ သူက အလုပ်ရှုပ်နေတယ်ထင်တယ်” “တရုတ်က သူ့ကို လစာကောင်းကောင်းပေးတယ်ထင်တယ်ကိုရီးယားမှာ ပရိုမိုးရှင်းမလုပ်ချင်တော့ဘူးထင်တယ်” ဆိုတဲ့စတဲ့မှတ်ချက်တွေအသီးသီးပေးခဲ့ကြတာပဲဖြစ်ပါတယ်။

Zawgyi Version

အဆိုေတာ္ ဟင္နရီ ရဲ႕လုပ္ရပ္ကို စိတ္ပ်က္ေနၾကတဲ့ ကိုရီးယား Netizenမ်ား

super Jinior အဖြဲ႕၀င္ေဟာင္းျဖစ္တဲ့ အဆိုေတာ္ ဟင္နရီ ဟာ တ႐ုတ္ႏိုင္ငံကို ရႈတ္ခ်တဲ့ မွတ္ခ်က္မ်ားကို ၎ရဲ႕ YouTube ခ်န္နယ္မွ ခ်က္ျခင္း ဖ်က္လိုက္ၿပီး ကိုရီးယားႏွင့္ ပတ္သက္သည့္ အႏုတ္လကၡဏာေဆာင္ေသာ မွတ္ခ်က္မ်ားကို ခ်န္ထားခဲ့တယ္လို႔ စြပ္စြဲခံေနရတာတာပဲျဖစ္ပါတယ္။

မၾကာေသးမီက၊ fmkorea ႏွင့္ theqoo စတဲ့ အြန္လိုင္းအသိုင္းအဝိုင္းမ်ားတြင္ Henry ရဲ႕ YouTube ခ်န္နယ္ရွိ မွတ္ခ်က္အပိုင္းမ်ား ကို Netizens ေတြဟာ ဖမ္းယူမွ်ေဝခဲ့ၾကတာပဲျဖစ္ပါတယ္။ ဓာတ္ပုံမ်ားတြင္ ၎တို႔သည္ ဘာသာျပန္အက္ပ္ကို အသုံးျပဳ၍ ဘာသာျပန္ထားသကဲ့သို႔ ဖတ္ရတာအဆင္မေျပတဲ့မွတ္ခ်က္မ်ား ေရးထားသည္ကို ျပသထားၾကပါတယ္။

အခ်ိဳ႕ေသာ မွတ္ခ်က္မ်ားကေတာ့ ကိုရီးယားဟာ တ႐ုတ္ရဲ႕ ခံႏိုင္ငံအျဖစ္ ရည္ၫႊန္းထားၿပီး ကိုးရီးယားကို ရႈတ္ခ်ထားတဲ့မွတ္ခ်က္ေတြပါ၀င္ပါတယ္။ သို႔ေပမယ့္ တ႐ုတ္ကို ‌ေဝဖန္ျပစ္တင္ထားတဲ့ မွတ္ခ်က္ေတြကိုေတာ့ ဖ်က္ပစ္လိုက္တာပဲျဖစ္ပါတယ္။ ၂၁ ရက္ေန႔အထိ တ႐ုတ္ကို ရႈတ္ခ်တဲ့ မွတ္ခ်က္ေတြ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ အားလုံးကို ဖ်က္ပစ္လိုက္ပါတယ္။

အဆိုေတာ္ ဟင္နရီ ဟာ အစီအစဥ္အမ်ိဳးမ်ိဳးတြင္ ေတာင္ကိုးရီးယားကိုခ်စ္ျမစ္ႏိုးေၾကာင္း ျပသခဲ့ေပမယ့္ အခုလုပ္ရပ္ကိုေတာ့ ကိုးရီးယား netizens ေတြဟာ စိတ္ပ်က္ေနၾကတာပဲျဖစ္ပါတယ္။ ကိုရီးယားကို ရႈတ္ခ်ေသာ မွတ္ခ်က္မ်ားသည္ YouTube တြင္ က်န္ရစ္ခဲ့ၿပီး တ႐ုတ္ကို ရႈတ္ခ်တဲ့မွတ္ခ်က္ေတြကို ေတာ့ ဖ်က္ပစ္ခဲ့လိုပဲျဖစ္ပါတယ္။ ကိုးရီးယား netizens အခ်ိဴ႕ ကYouTube ခ်န္နယ္ကို စီမံခန႔္ခြဲသူဟာ သူမဟုတ္ဘဲ ေနာက္တစ္ေယာက္ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးၾကေပမယ့္လည္း netizens အမ်ားစုကိုေတာ့ အဲ့အေၾကာင္းအရင္းက စိတ္ေက်နပ္မႈမေပးႏိုင္ခဲ့ပါဘူး။

အင္တာနက္အသုံးျပဳသူေတြက “သူ႔ကို ကေနဒါလူမ်ိဳးလို႔ ထင္ခဲ့တာ” “ကြၽန္ေတာ္ သူ႔ကို စိတ္ပ်က္မိပါတယ္ ကြၽန္ေတာ္ဆိုလိုတာက တ႐ုတ္ကို ရႈတ္ခ်တဲ့မွတ္ခ်က္က်ေတာ့ဖ်က္ၿပီး ကိုရီးယား ရႈတ္ခ်တဲ့မွတ္ခ်က္က်ေတာ့ဘာေၾကာင့္မဖ်က္ခဲ့တာလဲ” “”သူက ခ်န္နယ္ကို ကိုယ္တိုင္ စီမံခန႔္ခြဲတယ္လို႔ မထင္ပါဘူး၊ သူက အလုပ္ရႈပ္ေနတယ္ထင္တယ္” “တ႐ုတ္က သူ႔ကို လစာေကာင္းေကာင္းေပးတယ္ထင္တယ္ကိုရီးယားမွာ ပ႐ိုမိုးရွင္းမလုပ္ခ်င္ေတာ့ဘူးထင္တယ္” ဆိုတဲ့စတဲ့မွတ္ခ်က္ေတြအသီးသီးေပးခဲ့ၾကတာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss