Tuesday, December 6, 2022
Latest Posts
မိဘနှစ်ပါး ကွယ်လွန်ပြီး ရက်ပိုင်းအကြာမှာ အကိုဖြစ်သူကို ထပ်မံဆုံးရှုံးလိုက်ရတဲ့ ဗီဗာဟိန်း
Unicode Version
ပရိသတ်ကြီးရေ ကိုဗစ်ရောဂါဆိုးကြောင့် မိသားစုတွေ သေကွဲကွဲနေရပါတယ်။ ဒီနေ့မှာတော့ အဆိုတော် ဗီဗာဟိန်း ရဲ့ အစ်ကို Rap အဆိုတော် ရှိိုင်းလင်း (ခ) ရှိုင်းလင်းအောင်ဟာ ကိုဗစ် ရောဂါကြောင့် ယနေ့၊ ဩဂုတ်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“ဗီဗာ့ အစ်ကိုကြီး Rap အဆိုတော် ရှိုင်းလင်း(ခ)ရှိုင်းလင်းအောင် ၁ နာရီမှာ ကွယ်လွန်သွားပါပြီ”လို့ ဗီဗာဟိန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဗီဗာဟိန်းတို့ တစ်မိသားစုလုံး ကိုဗစ် ရောဂါ ကူးစက်ခံခဲ့ရပြီး၊ ဖခင် အဆိုတော် ဗိုလ်ဟိန်းနဲ့ မိခင် ဘိုမတို့ဟာ ဇူလိုင်လ ၂၅ နဲ့ ၂၇ ရက်နေ့တို့မှာ ကိုဗစ်ကြောင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ပါတယ်။
ဗီဗာဟိန်း အတွက ကိုဗစ်ကြောင့် မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးနေရတာကို ဝမ်းနည်းဖွယ်ရာ သိရပါတယ်။ သူမရဲ့ပရိသတ်တွေက ဗီဗာ ကို အားတင်းထားဖို့ အားပေးစကားပြောထားပြီးတော့ သူမရဲ့အစ်ကိုRap အဆိုတော် ရှိုင်းလင်း(ခ)ရှိုင်းလင်းအောင် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးထားပါတယ်။ မြန်မာပြည်ကြီး ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်မြောက်ပါစေ။
မိဘနှစ်ပါး ကွယ်လွန်ပြီး ရက်ပိုင်းအကြာမှာ အကိုဖြစ်သူကို ထပ်မံဆုံးရှုံးလိုက်ရတဲ့ ဗီဗာဟိန်း
ZawGyi Version
Latest Posts
Don't Miss