Monday, November 28, 2022

Latest Posts

ပရိသတ်တွေမမြင်ဖူးတဲ့ ရှားပါးဓာတ်ပုံလေးနဲ့ ဦးချစ်ကောင်း မွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ အဆိုတော် မေခလာ

Unicode Version

“ကိုယ်ဟာလူကြမ်းလေး” ပါဆိုတဲ့သီချင်းသံလေးကို ကြားလိုက်ရင် အဆိုတော်ကြီး ချစ်ကောင်း ကို အားလုံးပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ ချစ်ကောင်း ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့ပြီး အခုချိန်ထိလဲ ပရိသတ်တွေ ရင်ထဲမှာ နေရာယူထားဆဲ အဆိုတော်ကြီးတစ်ဦးပါပဲ။ နာမည်ကြီးသီချင်းကောင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေ တစ်ခဲနက်လက်ခံအားပေးခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

ချစ်ငယ် လို့ ချစ်စနိုး ခေါ်ကြတဲ့ အဆိုတော်ကြီး မေခလာ ဟာလဲ လူကြီးလူငယ်ကြိုက် တေးသီချင်းကောင်းများစွာကို သီဆိုထားပြီးတော့ ပရိသတ်အချစ်ကို ဦးချစ်ကောင်း ကဲ့သို့ ထပ်တူ ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်နေ့ကတော့ အဆိုတော်ကြီး ချစ်ကောင်း ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ဦးချစ်ကောင်း ရဲ့ အသက် ၇၄ နှစ်ပြည့်မွေးနေ့ကို ချစ်ငယ် ဟာ အခုလိုပဲဆုတောင်းပေးလိုက်ပါတယ်။ ” ငယ်ငယ်တုန်းထဲက ပဲများကြတဲ့မောင်နှမမွေးနေ့ ရက်မှစ တသက်လုံးစိတ်ချမ်းသာပါစေ ကိုချစ် “လို့ ဓာတ်ပုံလေးနဲ့အတူ ရေးသားမျှဝေထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော်ကြီး ဦးချစ်ကောင်း ရဲ့ ယနေ့ကျရောက်လာတဲ့ မွေးနေ့ကို ဆုတောင်းစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ ဦးချစ်ကောင်း လဲ ချစ်တဲ့မိသားစုနဲ့ အသက်ရှည်ရှည် အတူတကွနေထိုင်နိုင်ပြီး ပရိသတ်ချစ်တဲ့ သီချင်းတွေများစွာ ဖန်တီးနိုင်ပါစေလို့ Cele Only မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss