Sunday, November 27, 2022

Latest Posts

အစ်ကိုဖြစ်သူဗျိုက်နဲ့ ပတ်သက်ပြီး ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရတစ်ခုကို ပြသလိုက်တဲ့ ညီနန္ဒ

Unicode Version

သရုပ်ဆောင် ညီနန္ဒ ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပင်ပင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားပါတယ်။ ဒါအပြင် တော်လှန်ရေးမှာလဲ ပြည်သူတွေဘက်ကရပ်တည်ပေးခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့တရားဆွဲဆိုခံထားရတာဖြစ်ပါတယ် ဒါကြောင့်လဲ အချိန်မှီပြေးလွှားတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ မိသားစုကို ပြစ်ထားခဲ့ရပြီး အဝေးတစ်နေရာမှာ နေထိုင်ခဲ့ရတာကြောင့် ဖခင်ကြီးရဲ့ နာရေးကိုတောင် အဝေးကနေပဲ ကန်တော့ခဲ့ရတာပါ။

သရုပ်ဆောင် ညီနန္ဒ ရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် ဗျိုက် ဟာ ချစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကို ရုတ်တရတ် ခွဲခွာသွားတာဆိုရင်တော့ ၁၄ နှစ်နီးပါးရှိခဲ့ပါပြီ။ ဒီကနေ့မှာတော့ အစ်ကိုဖြစ်သူ ဗျိုက် ကို သတိရလွမ်းဆွတ်နေတဲ့အတွက် အမှတ်တရတစ်ခုကို ပြောပြလာခဲ့ပါတယ်။ ဒါကတော့ အစ်ကိုဖြစ်သူ ကျောပေါ်မှာထိုးထားတဲ့ တတ်တူးလေးပါ။ ” ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့တစ်ဦးတည်းသောအစ်ကိုဗျိုက် ရဲ့ ကျောပြင်က Tatoo (၂၀၀၅ခုနှစ်)… Tattoo ဆရာ Zayar Gyi ရဲ့ဝါးတူလေးနဲ့ထိုးခဲ့တဲ့စုတ်လက်ရာလေးပါ…ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရ…ဘယ်ရောက်နေလည်း ကိုမင်း ရေ…” လို့ အစ်ကိုဖြစ်သူရဲ့ အမှတ်တရလေးကို ပရိသတ်တွေအတွက် ထုတ်ဖော်ပြသလိုက်ပါတယ်။

စူပါကော်ဖီမစ်ကြော်ငြာလေးကို တွေ့တိုင်းချစ်တဲ့ ပရိသတ်တွေက သရုပ်ဆောင် ဗျိုက် ကို သတိရနေမှာပါပဲနော်။

ZawGyi Version





Latest Posts

Don't Miss