Monday, November 28, 2022

Latest Posts

အခုမှလွမ်းတတ်နေပြီလို့ အမဖြစ်သူကတစ်ဆင့် အသိပေးလာတဲ့ ပိုင်တံခွန်

Unicode Version

နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ပုဒ်မ-၅၀၅ (က) ဖြင့် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန် ဟာ လက်ရှိ နေကောင်း ကျန်းမာကြောင်း သိရပြီး၊ ပရိသတ်တွေကို လွမ်းနေပါတယ်လို့ သိရပါတယ်။ ပိုင်တံခွန် ရဲ့အမဖြစ်သူက ရုံးချိန်းသွားရင်း ရှေ့နေတွေကတစ်ဆင့် သူချစ်ရတဲ့ ပရိသတ်တွေအတွက် ကဗျာလေးတစ်ပုဒ်ကို လက်ဆောင်ပါးလိုက်ပါတယ်။

ပိုင်တံခွန် ကတော့ ပရိသတ်ကြီးကို အရမ်းလွမ်းနေတယ်လို့သိရပါတယ်။ ပိုင်တံခွန် ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ပိုင်တံခွန် ရေးပေးလိုက်တဲ့ ကဗျာလေးကတော့

“ဆိပ်ကမ်းတွေကို တန်ဖိုးထားတတ်တဲ့

လှေငယ်လေး တစ်စီးရှိတယ်…

အခုချိန်မှာတော့ အဲ့လှေငယ်လေးဟာ

သမုဒ္ဒရာထဲ ရွက်လွှင့်နေရရှာတယ်…

ရာသီဥတု နဲ့ ရေလှိုင်းတွေကြောင့်

ဆိပ်ကမ်းပါးလေးတွေ

ကျန်းကျန်းမာမာနေပေးဖို့လဲ

သူမျှော်လင့်နေရှာတယ်…..

ဘာဖြစ်ဖြစ် အခုချိန်မှာ

သမုဒ္ဒရာထဲ မျောလွင့်ရင်း

ကမ်းကပ်ခဲ့တဲ့ အချိန်လေးတွေကို

စိတ်လိုလက်ရလွမ်းနေတတ်တဲ့

ကမ်းမမြင် လမ်းမမြင်

လှေငယ်လေးတစ်စီးဟာ

ကျွန်တော်ကိုယ်တိုင်ပါပဲ….

လွမ်းတတ်ခဲ့ပြီဗျာ…

ပိုင်တံခွန် ” ဆိုပြီးတော့ ပိုင်တံခွန် ရဲ့ အမဖြစ်သူရဲ့ဖေ့ဘွတ်ကတစ်ဆင့် ရေးသားထားပါတယ်။

၁၃.၆.၂၀၂၁ ရုံးချိန်းတုန်းက သူ့ရှေ့နေကတဆင့် သူချစ်တဲ့ပရိတ်သတ်ကြီးအတွက် ရည်ရွယ်ပြီး ရေးသွားပေးတဲ့ကဗျာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပိုင်တံခွန် ကိုချစ်တဲ့ပရိသတ်ကြီးကလဲ ပိုင်တံခွန်အတွက် စိုးရိမ်နေကြပြီးတော့ အမြန်ဆုံးလွတ်မြောက်စေဖို့လဲ ဆုတောင်းပေးနေကြပါတယ်။ ပိုင်တံခွန် နေကောင်းကျန်းမာပြီးတော့ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version









ဆိပ်ကမ်းပါးလေးတွေ







ကမ်းမမြင် လမ်းမမြင်

လှေငယ်လေးတစ်စီးဟာ


လွမ်းတတ်ခဲ့ပြီဗျာ…



Latest Posts

Don't Miss