Tuesday, November 29, 2022

Latest Posts

အကျဥ်းကျစဥ်က ရေးသားထားတဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ ပိုင်တံခွန် ရဲ့ ကဗျာလေးတစ်ပုဒ်

Unicode Version

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန် ဟာ မိဘကိုသိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။ ဒါအပြင် သူ့ရဲ့ထူးခြားချက်ကတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ နူးညံ့တဲ့နှလုံးသားရှိတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ဟာ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ပုဒ်မ-၅၀၅ (က) ဖြင့် အင်းစိန်ထောင်မှာ ၃နှစ်တာအကျဥ်းကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူအကျဉ်းကျနေစဥ်အတွင်း ရေးသားခဲ့တဲ့ ကဗျာလေးတွေကို ပရိသတ်တွေအတွက် အမြဲတမ်းတင်ပေးနေကျ ဖြစ်ပါတယ်။ ဒီနေ့မှာလဲ ကဗျာလေးတစ်ပုဒ် ထပ်မံတင်ပေးလိုက်ပြန်ပါပြီ။ ” ဘဝရဲ့ ဟန်ချက်တွေ ယိမ်းယိုင်စေတဲ့ လောကဓံလှိုင်း . . .အနာရွတ်တွေနဲ့ စစ်ခင်းရတဲ့ မျှော်လင့်ချက် . . . မျက်လုံးစိမ်းနဲ့ ကြည့်ခံရတဲ့ ဒဏ်ရာဟောင်းတွေ ကမ်းမမြင် လမ်းမမြင် . . . ကံကြမ္မာဆိုတာ စာအိတ်လေးထဲက အငွေ့ပျံလွယ်တဲ့ ပျော်ရွှင်မှု သက်သက် . . .တဒင်္ဂ ( ၆. ၅. ၂၀၂၁ )”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပိုင်တံခွန် ရဲ့ကဗျာလေးကိုဖတ်ပြီး ပရိသတ်တွေအားလုံး ဟာ စိတ်မကောင်းဖြစ်နေကြတာကြောင့် နေကောင်းကျန်းမာကြောင်း စိတ်မပူကြဖို့ ကောမန့်မှတစ်ဆင့် ပြောထားတာကို တွေ့ရပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss