Tuesday, December 6, 2022

Latest Posts

အကျဉ်းထောင်ထဲမှာ ဆာလောင်မူ့တွေနဲ့ ရင်းပြီးရခဲ့တဲ့ သင်ခန်းစာတစ်ခုအကြောင်းကို ပြောပြလိုက်တဲ့ ဇာဂနာ

Unicode Version

ဆယ်စုနှစ်တစ်ခုတိုင်အောင် ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ဖန်တီးတင်ဆက်ပေးနိုင်ခဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ပဲ ဖြစ်ပါတယ်။ ဇာဂနာ ရဲ့ သက်တမ်းအချို့ဟာ ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရပြီး လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာ၊ဒါရိုက်တာ ဆိုတဲ့ အနုပညာလုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်ထူးချွန်တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇာဂနာ ကတော့ ဧပြီလ အစပိုင်းလောက်မှာ တာမွေမြို့နယ်နေအိမ်မှာ ထပ်မံအဖမ်းခံလိုက်ရပြီး ၆ လကြာမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လူရွှင်တော်ကြီး ဇာဂနာ ဟာ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့စဥ်အတွင်း သင်ခန်းစာတစ်ခုရှိခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြလိုက်ပါတယ်နော်။ “၁၉၈၈ ခု နှစ်က​နေ ၂၀၂၁ ခု နှစ် အတွင်း ၅ကြိမ်အဖမ်းခံရတယ်။ ​ထောင် ၂ကြိမ် အချခံရတယ်။ပထမတကြိမ် ၅နှစ်။​နောက် တကြိမ် ၅၉နှစ်။ ကိုယ့်လို ဘယ်သူ့ကိုမှ မခံစား​စေချင်ဖူး။ ကျ့န်​တော့ မိဖ ၂ပါး ကွယ်လွန်သွားတာ၊​နောက်ဆုံးခရီးကိုမမြင်ခဲ့ရဖူး။သား​တွေသမီး​တွေနဲ့ တစ်နိုင်ငံဆီ ခွဲ ခွာ​နေရတယ်။အနာ တပြပြ မလုပ်ချင်ဖူး။ တခု​လေးပဲ​ပြောချင်တယ်။​ ထောင်ကျတာရီစရာမဟုတ်ဘူး။ ထောင်ထဲမှာ စားစရာမရှိ၊ ရလာတဲ့ငါး​ခြောက်ဖတ်​လေး၊ သိမ်းထားတာ ပရွက်ဆိတ်က သမသွား​တော့ စိတ်ဆိုးတာ​ပေါ့။ဒါနဲ့​နောက်တခါ ငါး​ခြောက်ကို ပရွက်ဆိတ်ဝိုင်း​တော့ ပရွက်ဆိတ်​တွေကို ပရုတ်ဆီ နဲ့ဝိုင်းပစ်လိုက်တယ်။ပရွက်ဆိတ်​တွေက ပရုပ်ဆီကွင်းထဲ က​နေ ထွက်ဖို့မကြိုးစားပဲ အချင်းချင်းကိုက်လိုက်ကြတာ၊အမှုန်​တွေဖြစ်ကုန်​ရော။​သေချာ​အောင်ခနခန စမ်းသပ်မိတယ်။အခန်းနှီးချင်း မင်းကိုနိုင်ကိုပါ ကိုယ့်အ​တွေ့အကြုံပြန်​ပြောဖြစ်တယ်။သူလဲစမ်းသပ်တယ်။ သင်ခန်းစာတခု အမှတ်မထင်ရလိုက်တယ်။ကျွန်​တော်တို့ကိုယ်တိုင် ပရုပ်ဆီအဝိုင်းခံရတဲ့ပရွက်ဆိတ်​တွေဖြစ်ကုန်ပြီ။အချင်းချင်းကိုက်ရင်း ပရုပ်ဆီကွင်းထဲ အမှုန်ဖြစ်ကြရ​တော့မလား”လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ လူရွှင်တော်ကြီး ဇာဂနာ ပြောပြထားတဲ့ ဘဝနဲ့ရင်းပြီးရလာခဲ့တဲ့ သင်ခန်းစာလေးကို မှတ်သားနိုင်စေဖို့ ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ZawGyi Version

အက်ဥ္းေထာင္ထဲမွာ ဆာေလာင္မူ႔ေတြနဲ႔ ရင္းၿပီးရခဲ့တဲ့ သင္ခန္းစာတစ္ခုအေၾကာင္းကို ေျပာျပလိုက္တဲ့ ဇာဂနာ

ဆယ္စုႏွစ္တစ္ခုတိုင္ေအာင္ ပရိသတ္ေတြကို ဟာသျပက္လုံးေတြနဲ႔ ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ဖန္တီးတင္ဆက္ေပးႏိုင္ခဲ့သူကေတာ့ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဇာဂနာ ပဲ ျဖစ္ပါတယ္။ ဇာဂနာ ရဲ႕ သက္တမ္းအခ်ိဳ႕ဟာ ေထာင္ထဲမွာပဲ ကုန္ဆုံးခဲ့ရၿပီး လူ႐ႊင္ေတာ္၊ သ႐ုပ္ေဆာင္၊ စာေရးဆရာ၊ဒါ႐ိုက္တာ ဆိုတဲ့ အႏုပညာလုပ္ငန္းနယ္ပယ္ေတြမွာ ေအာင္ျမင္ထူးခြၽန္တဲ့ အႏုပညာရွင္ႀကီးတစ္ဦးပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ဇာဂနာ ကေတာ့ ဧၿပီလ အစပိုင္းေလာက္မွာ တာေမြၿမိဳ႕နယ္ေနအိမ္မွာ ထပ္မံအဖမ္းခံလိုက္ရၿပီး ၆ လၾကာမွ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

လူ႐ႊင္ေတာ္ႀကီး ဇာဂနာ ဟာ အက်ဥ္းေထာင္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့စဥ္အတြင္း သင္ခန္းစာတစ္ခုရွိခဲ့တဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလိုက္ပါတယ္ေနာ္။ “၁၉၈၈ ခု ႏွစ္က​ေန ၂၀၂၁ ခု ႏွစ္ အတြင္း ၅ႀကိမ္အဖမ္းခံရတယ္။ ​ေထာင္ ၂ႀကိမ္ အခ်ခံရတယ္။ပထမတႀကိမ္ ၅ႏွစ္။​ေနာက္ တႀကိမ္ ၅၉ႏွစ္။ ကိုယ့္လို ဘယ္သူ႔ကိုမွ မခံစား​ေစခ်င္ဖူး။ က်႕န္​ေတာ့ မိဖ ၂ပါး ကြယ္လြန္သြားတာ၊​ေနာက္ဆုံးခရီးကိုမျမင္ခဲ့ရဖူး။သား​ေတြသမီး​ေတြနဲ႔ တစ္ႏိုင္ငံဆီ ခြဲ ခြာ​ေနရတယ္။အနာ တျပျပ မလုပ္ခ်င္ဖူး။ တခု​ေလးပဲ​ေျပာခ်င္တယ္။​ ေထာင္က်တာရီစရာမဟုတ္ဘူး။ ေထာင္ထဲမွာ စားစရာမရွိ၊ ရလာတဲ့ငါး​ေျခာက္ဖတ္​ေလး၊ သိမ္းထားတာ ပ႐ြက္ဆိတ္က သမသြား​ေတာ့ စိတ္ဆိုးတာ​ေပါ့။ဒါနဲ႔​ေနာက္တခါ ငါး​ေျခာက္ကို ပ႐ြက္ဆိတ္ဝိုင္း​ေတာ့ ပ႐ြက္ဆိတ္​ေတြကို ပ႐ုတ္ဆီ နဲ႔ဝိုင္းပစ္လိုက္တယ္။ပ႐ြက္ဆိတ္​ေတြက ပ႐ုပ္ဆီကြင္းထဲ က​ေန ထြက္ဖို႔မႀကိဳးစားပဲ အခ်င္းခ်င္းကိုက္လိုက္ၾကတာ၊အမႈန္​ေတြျဖစ္ကုန္​ေရာ။​ေသခ်ာ​ေအာင္ခနခန စမ္းသပ္မိတယ္။အခန္းႏွီးခ်င္း မင္းကိုႏိုင္ကိုပါ ကိုယ့္အ​ေတြ႕အႀကဳံျပန္​ေျပာျဖစ္တယ္။သူလဲစမ္းသပ္တယ္။ သင္ခန္းစာတခု အမွတ္မထင္ရလိုက္တယ္။ကြၽန္​ေတာ္တို႔ကိုယ္တိုင္ ပ႐ုပ္ဆီအဝိုင္းခံရတဲ့ပ႐ြက္ဆိတ္​ေတြျဖစ္ကုန္ၿပီ။အခ်င္းခ်င္းကိုက္ရင္း ပ႐ုပ္ဆီကြင္းထဲ အမႈန္ျဖစ္ၾကရ​ေတာ့မလား”လို႔ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ လူ႐ႊင္ေတာ္ႀကီး ဇာဂနာ ေျပာျပထားတဲ့ ဘဝနဲ႔ရင္းၿပီးရလာခဲ့တဲ့ သင္ခန္းစာေလးကို မွတ္သားႏိုင္ေစဖို႔ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss