Sunday, November 27, 2022

Latest Posts

အကောင့်တုတွေရဲ့ မဟုတ်တဲ့သတင်းတွေကြောင့် စိတ်အနှောက်အယျက် ဖြစ်နေတဲ့ ပိုင်တံခွန်

Unicode Version

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။ သူဟာ မိဘကိုသိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတာ့ ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အခြားအနုပညာရှင်တွေနဲ့အတူ လွတ်မြောက်လာခဲ့တာပါ။

ပိုင်တံခွန် ဟာ သူ့နာမည်နဲ့ဓာတ်ပုံကို သုံးပြီး လူမူ့ကွန်ယက်ပေါ်မှာ အကောင့်တုနဲ့ သတင်းမှားတွေဖြန့်နေတဲ့ အကောင့်တွေနဲ့ပတ်သက်ပြီး ” ပရိတ်သတ်တွေ ကို သတိရလို့သာ Facebook ပြန်သုံးဖြစ်တာပါ အကောင့်တုတွေကို သတိထားပါ ကျနော် ဖြေရှင်းရတာမကြိုက်လို့” ဆိုပြီး သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ပရိသတ်တွေကို အသိပေးထားတာကို တွေ့ရပါတယ်။ ပိုင်တံခွန် ဟာ လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်တာကို မတွေ့ရသေးဘဲ ပရိသတ်တွေနဲ့ အသားကျအောင်ပဲ ကြိုးစားနေတာကို တွေ့ရပါတယ်။

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ဟာ ပရိသတ်တွေကို သတိရလို့ လူမူ့ကွန်ယက်ပေါ်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး သတင်းမှားတွေကို မဖြေရှင်းချင်ဘူးတဲ့။ ဒါကြောင့် ချစ်တဲ့ပရိသတ်တွေကလဲ သတင်းတွေကို ချင့်ချိန်ပြီးယုံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss