Saturday, December 3, 2022

Latest Posts

သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့ လမ်းခွဲတဲ့အချိန်မှာလဲ နာကျင်ရပါတယ် ဆိုတဲ့ ဧငြိမ်းဖြူ

Unicode Version

အဆိုတော် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ အတွဲဟာ လူငယ်တွေ ကြားမှာ ရေဗန်းစားခဲ့တဲ့ အတွဲလေးလဲ ဖြစ်ပါတယ် ။ ချစ်သူ သက်တမ်း ၁ နှစ်ကျော်လောက်က ရဲရင့်အောင် က တော့ ချစ်သူကို surprise အနေနဲ့ နှစ်ယောက်ပုံလေးကို တက်တူးထိုးခဲ့ဖူးပါတယ်။ ဒီနေ့မှာတော့ ချစ်သူသက်တမ်းလေးနှစ်ကျော်ကြာပြီးနောက် ချစ်သူ ရဲရင့်အောင် နဲ့ လမ်းခွဲလိုက်ပြီလို့ ဧငြိမ်းဖြူ ကပရိသတ်တွေကို အသိပေးထားပါတယ်။

ဧငြိမ်းဖြူ ရေးသားထားတာကတော့ “သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့ လမ်းခွဲတဲ့အချိန်မှာလဲ သေလောက်အောင်နာကျင်ရပါတယ် A သူ့ကိုဘယ်လောက်နာကျည်းနေပါစေ ဒါပေမဲ့ A တို့နှစ်ယောက်ကို အခြားသူတွေအမြင်မှာ ကောင်းသော အမှတ်တရလေးတွေနဲ့ပဲ ကျန်ခဲ့စေချင်လို့ပါ အဲ့ကြောင့် A ဒီလမ်းခွဲတဲ့ကိစ္စနဲ့ပက်သက်ပြီး နောက်ထပ် ဘာမှထပ်ပြောတော့မှာမဟုတ်ပါဘူးနော် လေးနှစ်ကျော်လုံး ဘယ်တော့မှ လွှတ်မချနိုင်ခဲ့ပဲ မရရအောင် ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံ နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့ပါပြီ အခြားသူအတွက်ပေးဆပ်ရင်း ကိုယ့်အတွက်ကိုယ် အသက်ရှုဖို့တောင်မေ့နေခဲ့တဲ့သူမို့ ရှေ့ဆက်ရမဲ့ ဘဝမှာ ကိုယ့်ကိုကိုယ်အများကြီးပြန်ကြည့်ပေးပြီး ကြိုးစားနေထိုင်သွားမှာပါ ဒီကာလကြီးမှာ ဒီလိုကိစ္စမျိုးအသိပေးရတဲ့အတွက်လည်း တကယ် တောင်းပန်ပါတယ်” လို့ လမ်းခွဲလိုက်တဲ့အကြောင်းကို ရေးသားထားပါတယ်။

ရဲရင့်အောင် နဲ့ချစ်သူသက်တမ်း လေးနှစ်ကျော်ကြာလက်တွဲခဲ့တဲ့အတွက်လမ်းခွဲချိန်မှာလည်း နာကျင်ခံစားရတယ်လို့ သရုပ်ဆောင်အေးငြိမ်းဖြူကသူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။ ရဲရင့်အောင် တို့ချစ်သူစုံတွဲ လမ်းခွဲလိုက်တဲ့ သတင်းကြောင့်ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

226998976_4500201490030068_4328873121541721003_n

ZawGyi Version





Latest Posts

Don't Miss