Monday, November 28, 2022

Latest Posts

သေမင်းနဲ့စစ်ခင်းခဲ့တဲ့မိတ်ဆွေ ကျဆုံးသွားခဲ့တာကြောင့် ဆုတောင်းမပြည့်ခဲ့ဘူး ဆိုတဲ့ လူရွှင်တော်ကြီး ဇာဂနာ

ဆယ်စုနှစ်တစ်ခုတိုင်အောင် ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ဖန်တီးတင်ဆက်ပေးနိုင်ခဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ပဲ ဖြစ်ပါတယ်။ ဇာဂနာ ရဲ့ သက်တမ်းအချို့ဟာ ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရပြီး လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာ၊ဒါရိုက်တာ ဆိုတဲ့ အနုပညာလုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်ထူးချွန်တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ လူရွှင်တော် ဦးဇာဂန ရဲ့ပြက်လုံးတွေဟာ အရမ်းကိုထင်ရှားကောင်းမွန်ပြီးတော့ သူနဲ့အတူ တွဲဖက်ပြီးဖျော်ဖြေသူတွေကလဲ မခေလှပါဘူး။

မြပုဏ္ဏမာဆိုတဲ့ အငြိမ့်အဖွဲ့ဟာ ၃၇နှစ်တိုင်တိုင် နှစ်ပေါင်းများစွာကြာအောင် ပရိသတ်တွေကို ပြက်လုံးတွေနဲ့ ပျော်ရွှင်အောင် လုပ်ပေးခဲ့တာပါ။ ဒီလို ၃၇ နှစ်ကြာအောင် လက်တွဲလာခဲ့တဲ့ မိတ်ဆွေအရင်းကြီး ကွယ်လွန်သွားတဲ့အကြောင်းကို ” မြပုဏ္ဏမာစထူထောင်တော့ ၁၉၈၅။၃၇နှစ်လုံးလုံး၊ညီရင်းအကိုလိုလက်တွဲခဲ့ကြ၊အခက်အခဲမှန်သမျှ အတူတကွရင်ဆိုင်ခဲ့ကြတာ။သေမင်းနဲ့သုံးကြိမ်တိုင်တိုင်၊စစ်ခင်းခဲ့ရာက၊ခုတော့ ကျဆုံးခဲ့ရပြီ။လူတိုင်းကို စတတ်၊နောက်တတ်၊ဂိုးထည့်တတ်သူကြီး၊အသက်ရှူရပ်တော့ နောက်နေတာပဲ ဖြစ်ပါစေလို့ဆုတောင်းပေမဲ့၊မပြည့်ခဲ့။ ပြုသမျှကုသိုလ်အတွက်အမျှဝေပါတယ်ကိုဖြူ” လို့ လူရွှင်တော်ကြီး ဦးဖိုးဖြူအတွက် စိတ်မကောင်းစွာ ရေးသားထားပါတယ်။

စာဖတ်ပရိသတ်ကြီးရေ သေခြင်းတရားဆိုတာ လူတိုင်းကြုံတွေ့ရမယ့် အရာတစ်ခုပါ၊သေခြင်းကို ရှောင်လွှဲလို့ မရပါဘူး။ ဒါကြောင့် ရှင်သန်ခွင့်ရတုန်းလေးမှာ ဘုရား၊တရား များများလုပ်ပြီး ကိုယ်ချင်းစာတရားနဲ့ စိတ်ကောင်းထားနိုင်ကြပါစေ။

ZawGyi Version

ေသမင္းနဲ႔စစ္ခင္းခဲ့တဲ့မိတ္ေဆြ က်ဆုံးသြားခဲ့တာေၾကာင့္ ဆုေတာင္းမျပည့္ခဲ့ဘူး ဆိုတဲ့ လူ႐ႊင္ေတာ္ႀကီး ဇာဂနာ

ဆယ္စုႏွစ္တစ္ခုတိုင္ေအာင္ ပရိသတ္ေတြကို ဟာသျပက္လုံးေတြနဲ႔ ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ဖန္တီးတင္ဆက္ေပးႏိုင္ခဲ့သူကေတာ့ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဇာဂနာ ပဲ ျဖစ္ပါတယ္။ ဇာဂနာ ရဲ႕ သက္တမ္းအခ်ိဳ႕ဟာ ေထာင္ထဲမွာပဲ ကုန္ဆုံးခဲ့ရၿပီး လူ႐ႊင္ေတာ္၊ သ႐ုပ္ေဆာင္၊ စာေရးဆရာ၊ဒါ႐ိုက္တာ ဆိုတဲ့ အႏုပညာလုပ္ငန္းနယ္ပယ္ေတြမွာ ေအာင္ျမင္ထူးခြၽန္တဲ့ အႏုပညာရွင္ႀကီးတစ္ဦးပဲ ျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ ဦးဇာဂန ရဲ႕ျပက္လုံးေတြဟာ အရမ္းကိုထင္ရွားေကာင္းမြန္ၿပီးေတာ့ သူနဲ႔အတူ တြဲဖက္ၿပီးေဖ်ာ္ေျဖသူေတြကလဲ မေခလွပါဘူး။

ျမပုဏၰမာဆိုတဲ့ အၿငိမ့္အဖြဲ႕ဟာ ၃၇ႏွစ္တိုင္တိုင္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ပရိသတ္ေတြကို ျပက္လုံးေတြနဲ႔ ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးခဲ့တာပါ။ ဒီလို ၃၇ ႏွစ္ၾကာေအာင္ လက္တြဲလာခဲ့တဲ့ မိတ္ေဆြအရင္းႀကီး ကြယ္လြန္သြားတဲ့အေၾကာင္းကို ” ျမပုဏၰမာစထူေထာင္ေတာ့ ၁၉၈၅။၃၇ႏွစ္လုံးလုံး၊ညီရင္းအကိုလိုလက္တြဲခဲ့ၾက၊အခက္အခဲမွန္သမွ် အတူတကြရင္ဆိုင္ခဲ့ၾကတာ။ေသမင္းနဲ႔သုံးႀကိမ္တိုင္တိုင္၊စစ္ခင္းခဲ့ရာက၊ခုေတာ့ က်ဆုံးခဲ့ရၿပီ။လူတိုင္းကို စတတ္၊ေနာက္တတ္၊ဂိုးထည့္တတ္သူႀကီး၊အသက္ရႉရပ္ေတာ့ ေနာက္ေနတာပဲ ျဖစ္ပါေစလို႔ဆုေတာင္းေပမဲ့၊မျပည့္ခဲ့။ ျပဳသမွ်ကုသိုလ္အတြက္အမွ်ေဝပါတယ္ကိုျဖဴ” လို႔ လူ႐ႊင္ေတာ္ႀကီး ဦးဖိုးျဖဴအတြက္ စိတ္မေကာင္းစြာ ေရးသားထားပါတယ္။

စာဖတ္ပရိသတ္ႀကီးေရ ေသျခင္းတရားဆိုတာ လူတိုင္းႀကဳံေတြ႕ရမယ့္ အရာတစ္ခုပါ၊ေသျခင္းကို ေရွာင္လႊဲလို႔ မရပါဘူး။ ဒါေၾကာင့္ ရွင္သန္ခြင့္ရတုန္းေလးမွာ ဘုရား၊တရား မ်ားမ်ားလုပ္ၿပီး ကိုယ္ခ်င္းစာတရားနဲ႔ စိတ္ေကာင္းထားႏိုင္ၾကပါေစ။

Latest Posts

Don't Miss