Tuesday, November 29, 2022

Latest Posts

သူများ မင်္ဂလာဆောင်တွေပဲ လိုက်စားနေရလို့ စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် G Fatt

ဟစ်ဟော့အဆိုတော် G Fatt ဟာ ပရိတ်သတ်အားပေးမှု့ကို တခဲနက်ရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ဘဝကို သုညကနေစတင်လာပြီး နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့တဲ့ G Fatt ဟာ လူငယ်ပရိသတ်တွေအတွက်ကတော့ စံပြပါပဲ။ ဒါကြောင့်လဲ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ဘဝစာမျက်နှာတွေကို သီချင်းတွေထဲမှာ ထည့်ရေးလေ့ရှိတာကို ချစ်တဲ့ပရိသတ်ကြီးလဲ သတိထားမိမယ် ထင်ပါတယ်။

အဆိုတော် G Fatt ရဲ့ ကာရံလှလှလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးကလဲ ပရိသတ်တွေရင်ထဲကိုရောက်ရှိခဲ့ပြီး အတော်လေးနာမည်ကြီးခဲ့ပါတယ်။ G Fatt ရဲ့ အချစ်ရေး ကတော့ ပရိသတ်တွေ သိကြတဲ့အတိုင်း သရုပ်ဆောင် မင်းသမီး‌လေး နဲ့ ချစ်ကြိုက်ခဲ့ပြီး ပြတ်စဲသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ G Fatt ဟာ အချစ်သစ်ထပ်မရှာသေးပါဘူး ဒါကြောင့် ” သူများမင်္ဂလာဆောင်တွေပဲလိုက်စားရတာ အားနာလှပြီ ” လို့ အရွှန်းဖောက်ပြီး ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ G fatt ကတော့ လူထုလှုပ်ရှားမှု့တွေမှာ တက်ကြွစွာပါ၀င်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) အရေးယူခံခဲ့ရပါတယ်။ ဒါကြောင့် အနုပညာလှုပ်ရှားမူ့တွေမရှိတော့တဲ့ G Fatt ဟာ ဝင်ငွေမရှိဘဲ မိသားစုရပ်တည်နိုင်အောင် ကြိုးစားနေရတာပါနော်။

Latest Posts

Don't Miss