Monday, November 28, 2022

Latest Posts

သူမရဲ့ ချစ်သူနဲ့ ဓာတ်ပုံတွေကို instagram မှာမျှ‌‌‌ဝေခဲ့တဲ့ “True Beauty” webtoon ဖန်တီးသူ Yaongyi

Unicode Version

“True Beauty” webtoon ဟာဆိုရင် ဇာတ်လမ်းတွဲ ရိုက်ရတဲ့ အထိ ရေပန်းစားခဲ့တဲ့ webtoon ပဲဖြစ်ခဲ့ပါတယ်။ webtoon အနေနဲ့လည်း အောင်မြင်ခဲ့သလို့ ဇာတ်လမ်းတွဲ ရိုက်တော့ လည်း လူငယ်တွေကြားမှာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ “True Beauty”ဖန်တီးသူ Yaongyi ဟာဆိုရင် ချောမောလှပတဲ့ single mom တစ်ယောက်ပဲဖြစ်ပါတယ်။

Single mom လေး Yaongyi ဟာဆိုရင် လက်ရှိမှာတော့ အချစ်သစ်တွေ့ ရှိနေပြီဆိုတာကို သူမရဲ့ ig မှာထုတ်ဖော်ပြသလိုက်ပါပြီ။


yaongyi ဟာဇန်န၀ါရီ ၄ ရက်နေ့တွင် “oppa နဲ့အတူ” ဆိုတဲ့ စာတန်းနဲ့ ဗီဒီယို နဲ့ ဓာတ်ပုံအချို့ ကိုဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူး နေတဲ့ ပုံရိပ်တွေကိုတွေ့ ရမှာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်တဲ့ ပုံလေးတွေကနေမြင်ယောင်နိုင်ပါတယ်။

သူမရဲ့ ချစ်သူနဲ့ ဓာတ်ပုံတွေကို instagram မှာမျှ‌‌‌ဝေခဲ့တဲ့ "True Beauty" webtoon ဖန်တီးသူ Yaongyi

Yaongyi က သူမရဲ့ ချစ်သူ “Jeon Seon Wook က အရမ်းချစ်စရာကောင်းပြီး သူ့ ရဲ့ ချစ်စရာကောင်းမှုကနေလွတ်မြောက်စရာမရှိဘူး” ဆိုပြီးတော့ လည်း ig မှာ မှတ်ချက်ရေးသားခဲ့ပြီး ချစ်ခင်မှုကိုဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချိန်းတွေ့ တဲ့ နှစ်နှစ်အတောအတွင်း မှာ သူမအပေါ် စိတ်ဆိုး ဒေါသထွက်တာလည်းမရှိပါဘူးဆိုတာကိုပြောကြားခဲ့ပါတယ်။ ဒီလိုကောင်လေးကိုရသွားတဲ့အတွက်လည်း အချစ်ရေးကံမကောင်းခဲ့တဲ့ သူမအတွက် တကယ်ကို၀မ်းသာမိပါတယ်။

သူမရဲ့ ချစ်သူနဲ့ ဓာတ်ပုံတွေကို instagram မှာမျှ‌‌‌ဝေခဲ့တဲ့ "True Beauty" webtoon ဖန်တီးသူ Yaongyi

သူတို့နှစ်ယောကို အင်တာနက် သုံးစွဲသူ ပရိတ်သတ်တွေရဲ့ များစွာ ချစ်ခင် အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ အခုတစ်ခါမှာတော့ အချစ်ရေးမှာကံကောင်းပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version






Latest Posts

Don't Miss