Friday, January 27, 2023

Latest Posts

သူမရဲ့မွေးနေ့မှာ ခေါ်သူမဲ့ဖုန်းလေးကိုမျှော်ရင်း ရင်တွေကွဲကြေနေရတဲ့ ရေမွန် မိခင် ခင်မြတ်မွန်

Unicode Version

ပရိသတ်ကြီးရေ ရေမွန် ရဲ့မိခင် ခင်မြတ်မွန် ကတော့ သူမရဲ့သားဖြစ်သူကို ဒီနေ့ထိတစ်ရက်မှမေ့လို့မရနိုင်သေးပါဖူးတဲ့။ သူမနဲ့ထပ်တူပရိသတ်တွေကလဲ ရေမွန် ကိုဒီနေ့ထိ လွမ်းဆွတ်တမ်းတသတိရနေဆဲပါပဲနော်။ ဒီနေ့ကတော့ရေမွန် ရဲ့မိခင်ဖြစ်သူ ခင်မြတ်မွန် ရဲ့မွေး‌နေ့လေးပဲဖြစ်ပါတယ်။ သားဖြစ်သူ တေးသံရှင်ရေမွန်ဆီက နှစ်စဥ်ဆုတောင်းပေးနေကျ မွေးနေ့ဆုတောင်းစကားသံလေး ကြားခွင့်မရတော့တဲ့ မိခင်တစ်ယောက်ရဲ့ သောကဝေဒနါကို ခင်မြတ်မွန် က သူမရဲ့ဖေ့ဘွတ်အကောင့်မှာအခုလိုပဲ ရေးသားထားတာပါတယ်။

သူမရဲ့မွေးနေ့မှာ ခေါ်သူမဲ့ဖုန်းလေးကိုမျှော်ရင်း ရင်တွေကွဲကြေနေရတဲ့ ရေမွန် မိခင် ခင်မြတ်မွန်

“နှစ်စဉ်နှစ်တိုင်း. .August 17 ည (12:00)ကျော်ပြီးAugust 18 ဝင်တာနဲ့Ph: call လေးတစ်ခုဝင်လာနေကျကိုယ်ကလည်း သူ့ဖုံးလေးကိုမျှော်နေကျ(ခုလဲ. .ဖုံးများဝင်လာမလားဆိုပြီး ရူးကြောင်ကြောင်နဲ့ထိုင်မျှော်နေမိ သေး) Happy Birthday Mommy ဆိုတဲ့ Birthday Wish Song လေးနဲ့ အမေ့ကို ဦးဦးဖျားဖျားနှုတ်ဆက်နေကျ ဒီနှစ်(2021)ကစပြီး အဲ့ဒီအသံလေး မကြားရတော့ဘူး လွမ်းတယ် တွတ်ပီရေရင်တွေအစိတ်စိတ်အမွှာမွှာကွဲကြေ နေရပြီ. . .မွေးနေ့ဆိုတာ ကိုယ့်အတွက် အဓိပ်ပါယ်မရှိတော့ပါဘူးဘာမှလဲလုပ်ဖြစ်မှာ မဟုတ်တော့ဘူးဒီနှစ်က စလို့ . .” လို့သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ကြေကွဲဝမ်းနည်းစွာ ရေးသားထားပါတယ်။

ရေမွန် ရဲ့ ချစ်လှစွာသော မိခင် ခင်မြတ်မွန် ကတော့ ဒီနှစ်မွေးနေ့က သူမရဲ့မပျော်ရွှင်ရတဲ့ မွေးနေ့ပါပဲလို့ စိတ်မကောင်းစရာ ရေးသားထားတာကြောင့် ပရိသတ်တွေကတော့ မိခင်ဖြစ်သူအတွက်ဝမ်းနည်းနေပြီးတော့ ရေမွန် ကိုလဲ လွမ်းဆွတ် တမ်းတနေကြပါတယ်။

သူမရဲ့မွေးနေ့မှာ ခေါ်သူမဲ့ဖုန်းလေးကိုမျှော်ရင်း ရင်တွေကွဲကြေနေရတဲ့ ရေမွန် မိခင် ခင်မြတ်မွန်

ZawGyi Version





Latest Posts

Don't Miss