Friday, January 27, 2023

Latest Posts

သူငယ်ချင်းဖြစ်သူ ဦးမော့စ်ကို အရမ်းသတိရ အောက်မေ့မိတယ်ဆိုတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီ

Unicode Version

ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုး ရဲ့တပည့်တွေဖြစ်ကြတဲ့ လူရွှင်တော် မိုးဒီ၊မော့စ် စုံတွဲကိုတော့ ပရိသတ်တိုင်းအားလုံးပဲ မှတ်မှတ်ရရ ရှိအုန်းမယ်ထင်ပါတယ်။ လူရွှင်တော်လောကမှာ မိုးဒီ၊မော့စ် ဟာ လိုက်ဖက်အညီဆုံး တွဲဖက်တွေဖြစ်ပါတယ်။ ဒါအပြင် နှစ်ကိုယ့်တစ်စိတ်ဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ တွဲဖက်ညီညီသရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဦးမိုးဒီ ဟာ အသက် ၇၄နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ ဦးမော့စ် ကတော့ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ လာမဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် ကိုးနှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်။

ညီအစ်ကိုအရင်းတွေလို ချစ်ကြတဲ့ ဦးမိုးဒီ နဲ့ ဦးမော့စ် တို့ ရဲ့ ပြက်လုံးတွေ ဟာ အရမ်းကိုနာမည်ကြီးပြီး ရယ်ရတာကြောင့် ပရိသတ်တွေက တစ်ခဲနက် ချစ်ခင်အားပေးရတာပဲဖြစ်ပါတယ်။ ဦးမော့စ် ဟာ လူရွှင်တော်အလုပ်ကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး အလုပ်ကိုလဲ ကြိုးစားတဲ့လူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ လူရွှင်တော်လောကမှာ အရမ်းကိုနာမည်ကြီး အောင်မြင်ကျော်ကြားခဲ့တာလဲ ဖြစ်ပါတယ်။ ဦးမိုးဒီ ဟာ သူငယ်ချင်းဖြစ်သူ ဦးမော့စ် ကွယ်လွန်သွားတဲ့အတွက် သူများတွေ နှမြောတာထက် ပိုနှမြောမိပါတယ်တဲ့။ ဦးမိုးဒီ ဟာ ဦးမော့စ် အကယ်ဒမီရခဲ့တဲ့အချိန်မှာ စတိတ်စင်အောက်ဘက်မှာ ဝမ်းသာပျော်ရွှင်လွန်းလို့ သိုင်းဖက်ပြီး ပါးကိုနမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ဦးမော့စ် က အကယ်ဒမီပေးပွဲကို ဆေးရုံတတ်နေရင်း တတ်ရောက်လာတာကြောင့် နမ်းလိုက်တဲ့အချိန်မှာ သူ့ရဲ့ပါးပြင်တွေဟာ ပူခြစ်နေခဲ့တာကြောင့် ဦးမိုးဒီ ဟာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ပရိသတ်ကို နှစ်ပေါင်းများစွာ ဟဒယရွှင်ဆေးတိုက်ကျွေးခဲ့ပြီး ဘဝအမောများပြေစေသူ ဟာသသရုပ်ဆောင် အကယ်ဒမီ လူရွှင်တော်ကြီး ဦးမောစ့် ကတော့ အခုချိန်မှာ ကောင်းရာမွန်ရာကို ရောက်ရှိနေလောက်ပြီ ထင်ပါတယ်နော်။ ဦးမိုးဒီ လဲ ကျန်းမာသက်ရှည်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကို ဒီထက်မက ခံယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

သူငယ္ခ်င္းျဖစ္သူ ဦးေမာ့စ္ကို အရမ္းသတိေနတဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီ

ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးစိန္႐ိုး ရဲ႕တပည့္ေတြျဖစ္ၾကတဲ့ လူ႐ႊင္ေတာ္ မိုးဒီ၊ေမာ့စ္ စုံတြဲကိုေတာ့ ပရိသတ္တိုင္းအားလုံးပဲ မွတ္မွတ္ရရ ရွိအုန္းမယ္ထင္ပါတယ္။ လူ႐ႊင္ေတာ္ေလာကမွာ မိုးဒီ၊ေမာ့စ္ ဟာ လိုက္ဖက္အညီဆုံး တြဲဖက္ေတြျဖစ္ပါတယ္။ ဒါအျပင္ ႏွစ္ကိုယ့္တစ္စိတ္ျဖစ္တာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာလဲ တြဲဖက္ညီညီသ႐ုပ္ေဆာင္ခဲ့ၾကတဲ့ အႏုပညာညီအစ္ကိုေတြပဲ ျဖစ္ပါတယ္။ လက္ရွိမွာ ဦးမိုးဒီ ဟာ အသက္ ၇၄ႏွစ္ရွိၿပီပဲ ျဖစ္ပါတယ္။ ဦးေမာ့စ္ ကေတာ့ အသည္းေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တာ လာမဲ့ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ဆိုရင္ ကိုးႏွစ္ျပည့္ၿပီပဲ ျဖစ္ပါတယ္။

ညီအစ္ကိုအရင္းေတြလို ခ်စ္ၾကတဲ့ ဦးမိုးဒီ နဲ႔ ဦးေမာ့စ္ တို႔ ရဲ႕ ျပက္လုံးေတြ ဟာ အရမ္းကိုနာမည္ႀကီးၿပီး ရယ္ရတာေၾကာင့္ ပရိသတ္ေတြက တစ္ခဲနက္ ခ်စ္ခင္အားေပးရတာပဲျဖစ္ပါတယ္။ ဦးေမာ့စ္ ဟာ လူ႐ႊင္ေတာ္အလုပ္ကို ခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္ၿပီး အလုပ္ကိုလဲ ႀကိဳးစားတဲ့လူတစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ လူ႐ႊင္ေတာ္ေလာကမွာ အရမ္းကိုနာမည္ႀကီး ေအာင္ျမင္ေက်ာ္ၾကားခဲ့တာလဲ ျဖစ္ပါတယ္။ ဦးမိုးဒီ ဟာ သူငယ္ခ်င္းျဖစ္သူ ဦးေမာ့စ္ ကြယ္လြန္သြားတဲ့အတြက္ သူမ်ားေတြ ႏွေျမာတာထက္ ပိုႏွေျမာမိပါတယ္တဲ့။ ဦးမိုးဒီ ဟာ ဦးေမာ့စ္ အကယ္ဒမီရခဲ့တဲ့အခ်ိန္မွာ စတိတ္စင္ေအာက္ဘက္မွာ ဝမ္းသာေပ်ာ္႐ႊင္လြန္းလို႔ သိုင္းဖက္ၿပီး ပါးကိုနမ္းခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဦးေမာ့စ္ က အကယ္ဒမီေပးပြဲကို ေဆး႐ုံတတ္ေနရင္း တတ္ေရာက္လာတာေၾကာင့္ နမ္းလိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ပါးျပင္ေတြဟာ ပူျခစ္ေနခဲ့တာေၾကာင့္ ဦးမိုးဒီ ဟာ စိတ္မေကာင္း ျဖစ္ခဲ့ရပါတယ္။

ပရိသတ္ကို ႏွစ္ေပါင္းမ်ားစြာ ဟဒယ႐ႊင္ေဆးတိုက္ေကြၽးခဲ့ၿပီး ဘဝအေမာမ်ားေျပေစသူ ဟာသသ႐ုပ္ေဆာင္ အကယ္ဒမီ လူ႐ႊင္ေတာ္ႀကီး ဦးေမာစ့္ ကေတာ့ အခုခ်ိန္မွာ ေကာင္းရာမြန္ရာကို ေရာက္ရွိေနေလာက္ၿပီ ထင္ပါတယ္ေနာ္။ ဦးမိုးဒီ လဲ က်န္းမာသက္ရွည္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ဒီထက္မက ခံယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss