Friday, January 27, 2023
Latest Posts
သူငယ်ချင်းဖြစ်သူအတွက် အနည်းငယ်စိတ်သက်သာရာရသွားတဲ့ အဆိုတော် ရန်ရန်ချမ်း
Unicode Version
2000 ခုနှစ်လောက်တွင် မြန်မာနိုင်ငံသို့ Hip Hop ဂီတကိုစတင်သယ်ဆောင်လာခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Acid အဖွဲ့ကိုတော့ Hip Hop ဂီတကိုချစ်မြတ်နိုးတဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ Acid အဖွဲ့ကိုအဖွဲ့ဝင်လေးယောက်နဲ့ ဖွဲ့စည်းခဲ့တာြဖစ်ပြီး ဆယ်စုနှစ်တစ်ခုကြာအောင် ပရိသတ်တွေကြားထဲမှာ နာမည်ကြီးကျော်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ Acid အဖွဲ့ဟာသီချင်းတွေ ဆက်လက်ထွက်ရှိခြင်းမရှိတော့ပေမယ့် သူတို့ရဲ့သီချင်းတွေဟာ ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်နော်။
Acid အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဖြိုးဇေယျာသော် ဟာလက်ရှိအချိန်မှာ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ အဆိုတော် ရန်ရန်ချမ်း ဟာ သူငယ်ချင်းဖြစ်သူအတွက် အရမ်းကိုဝမ်းနည်းခံစားနေရတာပဲ ဖြစ်ပါတယ်။ ယမန်နေ့ကထွက်ပေါ်လာတဲ့ သတင်းတွေမှာ သူငယ်ချင်းဖြစ်သူရဲ့ ရုပ်သံမှတ်တမ်းကို မြင်လိုက်ရတာကြောင့် အသက်ရှင်နေကြောင်းကို သိခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ အသက်ရှင်နေသေးကြောင်း သိရတဲ့အတွက် ဝမ်းသာတယ်ဆိုတဲ့အကြောင်းကို ” အသက်မသေရင် ရပြီင့ါကောင်ရေ “လို့ ရန်ရန်ချမ်း ရဲ့ဖေ့ဘွတ် story မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီသတင်းကြောင့် အနုပညာရှင်တွေနဲ့ ချစ်တဲ့ပရိသတ်တွေ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ကြရပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း ရဲ့ သူငယ်ချင်းဖြစ်သူရဲ့ ရုပ်သံမှတ်တမ်းကို မြင်လိုက်ရတာကြောင့် အနည်းငယ်စိတ်သက်သာရာ ရရှိသွားခဲ့ပါတယ်တဲ့နော်။ အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ZawGyi Version
Latest Posts
Don't Miss