Tuesday, December 6, 2022

Latest Posts

သားလေးပြန်လွတ်လာမယ့်နေ့က ဘ၀မှာ အပျော်ဆုံးနေ့ပဲလို့ပြောလာတဲ့ ပိုင်တံခွန် ရဲ့ မိခင်

Unicode Version

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။

ပြည့်သူ့အချစ်တော် ပိုင်တံခွန် ဟာ အခုဆိုရင်ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီ ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန် ဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက်မှာတော့ အမေဖြစ်သူရဲ့ ရင်ထဲမှာပူလောင်လို့နေခဲ့ပါတယ်။

သားကိုသတိရတိုင်း အိမ်သန့်ရှင်းရေးလုပ် ဘုရားပန်း တွေလဲကာ သားလေး ပြန်လာရင်သူကြိုက်တက်တဲ့ စားစရာတွေချက်ကျွေးဖို့ စဥ်းစားထားပြီးတစ်အိမ်လုံးနှင်းဆီပန်းတွေထိုးပြီးစောင့်ကြိုနေမယ်လို့ ပိုင်တံခွန် ရဲ့မိခင်ဒေါ်ကြူကရင်ဖွင့်ခဲ့ပါတယ်။

သားလေး လွတ်လာမယ်လို့ အန်တီအပြည့်အ၀ယုံကြည်ထားပါတယ်။ သာ‌လေး ဟာ အမှားလုပ်ခဲ့တာမဟုတ်ဘဲ တတိုင်းပြည်လုံးနဲ့တန်းတူ လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် အယူခံ၀င်ဖို့ ဆန္ဒမရှိဘူးလို့လည်းသိရပါတယ်။ အန်တီ့ သားလေး ဟာ အများအတွက်လုပ်ပေးခဲ့တာဖြစ်တဲ့အတွက် သာလေး ကို အပြစ်မပြောရက်ပါဘူး။

ပိုင်တံခွန် ဟာဆိုရင်တော့ ၂၀၂၀ ခုနှစ်တွင် TC Chandler မှာကမ္ဘာ့အချောအမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁၀ နေရာကနေရရှိခဲ့ပြီးတော့ ၂၀၂၁ ခုနှစ်မှာလည်း အမျိုးသားအယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာကိုချိတ်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီနေ့က သားအငယ်ဖြစ်သူဟာ အစ်ကို ပိုင်တံခွန် ရဲ့ သတင်းကို အင်တာနက်ကနေ ဖတ်ရှုပြီး ဖုန်းနဲ့ လာပြချိန်မှာ ယုံတဝက်၊ မယုံတဝက် ကြည့်ခဲ့ရသလို၊ ဝမ်းသာ ဂုဏ်ယူမိလို့ မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်လို့လည်း ဒေါ်ကြူက ဆိုပါတယ်။

“သူ့ရဲ့ ကြိုးစား အားထုတ်မှု၊ သူ့ရဲ့ စန်းနဲ့ ကမ္ဘာကို အဲဒီလို ထိုးဖောက်နိုင်တော့ မိဘ က ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ဝမ်းသာတာပေါ့။ အန်တီ ထီတွေ အများကြီးပေါက်ပြီး ချမ်းသာရင်တောင် အဲဒီ ပီတိက ပိုင်တံခွန် နံပါတ် (၁) ရတာနဲ့ လဲလို့ရမှာ မဟုတ်ဘူး” လို့ ဒေါ်ကြူက ပြောပါတယ်။

ပိုင်တံခွန် ကို အမိန့်ချလိုက်တဲ့နေ့က မိခင်ဖြစ်သူဟာ သတိလစ်သလို ဖြစ်ခဲ့ရပြီး တနေ့လုံး တညလုံး ဝမ်းနည်း ငိုခဲ့ရတယ်လို့ ဆိုပါတယ်။

“မိဘဆိုတော့ ရူးမတတ်ဖြစ်တာပေါ့။ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ ကိုယ့် သားလေး ကို အဲဒီလို အမိန့်ချတော့ အဲဒီအချိန်က ဝမ်းအနည်းဆုံး နေ့တွေပေါ့။ ပိုင်တံခွန် လို့ နာမည်ကြားတာနဲ့တင် သူ့ကို သတိရပြီး အရမ်းဝမ်းနည်းပြီး ငိုချင်လာတာ။ မျက်ရည်ကျလာတာ” လို့ ဒေါ်ကြူက ပြောပါတယ်။

“ဒီနေ့ ဒီအချိန်ထိတော့ ပိုင်တံခွန် ဘာပဲလုပ်လုပ် အပြစ်ဆိုတာမျိုး အန်တီ မတွေးဖူးဘူး။ ကံတရားရဲ့ စီမံရာပေါ့။ မိဘတယောက်အနေနဲ့ ခံစားချက်ကတော့ ရင်ထဲမှာပဲ ရှိတယ်။ ပိုင်တံခွန် ပြန်လွတ်လာမယ့်နေ့ကို ပရိသတ်နဲ့အတူ အန်တီ မျှော်နေတယ်” လို့ ဒေါ်ကြူက ပြောပါတယ်။

ပိုင်တံခွန် ရဲ့ အမေ ကတော့ သူ့ရဲ့သားဖြစ်သူကိုလွမ်းဆွတ်တမ်းတနေတဲ့အကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပိုင်တံခွန် လည်းအမြန်ဆုံးလွတ်မြောက်လာပြီးတော့ မိခင်မေတ္တာရိပ်မှာခိုလှုံနိုင်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ ပရိတ်သတ်ကြီးလည်း ပိုင်တံခွန် ရဲ့မိခင် အတွက်အားပေးစကားလေးပြေားပေးကြပါဦးနော်…

Zawgyi Version

သားေလးျပန္လြတ္လာမယ့္ေန႔က ဘ၀မွာ အေပ်ာ္ဆုံးေန႔ပဲလို႔ေျပာလာတဲ့ ပိုင္တံခြန္ ရဲ႕ မိခင္

ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ ဆိုရင္ေတာ့ မသိသူမရွိေလာက္‌ေအာင္လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြရရွိခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ မွာသာမကဘဲ ထိုင္းႏိုင္ငံ မွာ ပါေရပန္းစားတဲ့ မင္းသား တစ္လက္ပဲျဖစ္ပါတယ္။

ျပည့္သူ႔အခ်စ္ေတာ္ ပိုင္တံခြန္ ဟာ အခုဆိုရင္ပုဒ္မ ၅၀၅-က နဲ႔ စစ္ေကာင္စီ ရဲ႕ ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီး အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္သုံးႏွစ္ ခ်မွတ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ပိုင္တံခြန္ ဖမ္းဆီးျခင္းခံခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ အေမျဖစ္သူရဲ႕ ရင္ထဲမွာပူေလာင္လို႔ေနခဲ့ပါတယ္။

သားကိုသတိရတိုင္း အိမ္သန႔္ရွင္းေရးလုပ္ ဘုရားပန္း ေတြလဲကာ သားေလး ျပန္လာရင္သူႀကိဳက္တက္တဲ့ စားစရာေတြခ်က္ေကြၽးဖို႔ စဥ္းစားထားၿပီးတစ္အိမ္လုံးႏွင္းဆီပန္းေတြထိုးၿပီးေစာင့္ႀကိဳေနမယ္လို႔ ပိုင္တံခြန္ ရဲ႕မိခင္ေဒၚၾကဴကရင္ဖြင့္ခဲ့ပါတယ္။

သားေလး လြတ္လာမယ္လို႔ အန္တီအျပည့္အ၀ယုံၾကည္ထားပါတယ္။ သာ‌ေလး ဟာ အမွားလုပ္ခဲ့တာမဟုတ္ဘဲ တတိုင္းျပည္လုံးနဲ႔တန္းတူ လုပ္ခဲ့တာျဖစ္တဲ့အတြက္ေၾကာင့္ အယူခံ၀င္ဖို႔ ဆႏၵမရွိဘူးလို႔လည္းသိရပါတယ္။ အန္တီ့ သားေလး ဟာ အမ်ားအတြက္လုပ္ေပးခဲ့တာျဖစ္တဲ့အတြက္ သာေလး ကို အျပစ္မေျပာရက္ပါဘူး။

ပိုင္တံခြန္ ဟာဆိုရင္ေတာ့ ၂၀၂၀ ခုႏွစ္တြင္ TC Chandler မွာကမာၻ႔အေခ်ာအေမာဆုံး အမ်ိဳးသားအျဖစ္ နံပါတ္ ၁၀ ေနရာကေနရရွိခဲ့ၿပီးေတာ့ ၂၀၂၁ ခုႏွစ္မွာလည္း အမ်ိဳးသားအေယာက္ ၁၀၀ စာရင္းမွာ နံပါတ္ ၁ ေနရာကိုခ်ိတ္ခဲ့တာပဲျဖစ္ပါတယ္။

အဲဒီေန႔က သားအငယ္ျဖစ္သူဟာ အစ္ကို ပိုင္တံခြန္ ရဲ႕ သတင္းကို အင္တာနက္ကေန ဖတ္ရႈၿပီး ဖုန္းနဲ႔ လာျပခ်ိန္မွာ ယုံတဝက္၊ မယုံတဝက္ ၾကည့္ခဲ့ရသလို၊ ဝမ္းသာ ဂုဏ္ယူမိလို႔ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရတယ္လို႔လည္း ေဒၚၾကဴက ဆိုပါတယ္။

“သူ႔ရဲ႕ ႀကိဳးစား အားထုတ္မႈ၊ သူ႔ရဲ႕ စန္းနဲ႔ ကမာၻကို အဲဒီလို ထိုးေဖာက္ႏိုင္ေတာ့ မိဘ က ဘယ္အရာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရေအာင္ ဝမ္းသာတာေပါ့။ အန္တီ ထီေတြ အမ်ားႀကီးေပါက္ၿပီး ခ်မ္းသာရင္ေတာင္ အဲဒီ ပီတိက ပိုင္တံခြန္ နံပါတ္ (၁) ရတာနဲ႔ လဲလို႔ရမွာ မဟုတ္ဘူး” လို႔ ေဒၚၾကဴက ေျပာပါတယ္။

ပိုင္တံခြန္ ကို အမိန႔္ခ်လိုက္တဲ့ေန႔က မိခင္ျဖစ္သူဟာ သတိလစ္သလို ျဖစ္ခဲ့ရၿပီး တေန႔လုံး တညလုံး ဝမ္းနည္း ငိုခဲ့ရတယ္လို႔ ဆိုပါတယ္။

“မိဘဆိုေတာ့ ႐ူးမတတ္ျဖစ္တာေပါ့။ ဘယ္အရာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရတဲ့ ကိုယ့္ သားေလး ကို အဲဒီလို အမိန႔္ခ်ေတာ့ အဲဒီအခ်ိန္က ဝမ္းအနည္းဆုံး ေန႔ေတြေပါ့။ ပိုင္တံခြန္ လို႔ နာမည္ၾကားတာနဲ႔တင္ သူ႔ကို သတိရၿပီး အရမ္းဝမ္းနည္းၿပီး ငိုခ်င္လာတာ။ မ်က္ရည္က်လာတာ” လို႔ ေဒၚၾကဴက ေျပာပါတယ္။

“ဒီေန႔ ဒီအခ်ိန္ထိေတာ့ ပိုင္တံခြန္ ဘာပဲလုပ္လုပ္ အျပစ္ဆိုတာမ်ိဳး အန္တီ မေတြးဖူးဘူး။ ကံတရားရဲ႕ စီမံရာေပါ့။ မိဘတေယာက္အေနနဲ႔ ခံစားခ်က္ကေတာ့ ရင္ထဲမွာပဲ ရွိတယ္။ ပိုင္တံခြန္ ျပန္လြတ္လာမယ့္ေန႔ကို ပရိသတ္နဲ႔အတူ အန္တီ ေမွ်ာ္ေနတယ္” လို႔ ေဒၚၾကဴက ေျပာပါတယ္။

ပိုင္တံခြန္ ရဲ႕ အေမ ကေတာ့ သူ႔ရဲ႕သားျဖစ္သူကိုလြမ္းဆြတ္တမ္းတေနတဲ့အေၾကာင္းေလးကိုတင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္။ ပိုင္တံခြန္ လည္းအျမန္ဆုံးလြတ္ေျမာက္လာၿပီးေတာ့ မိခင္ေမတၱာရိပ္မွာခိုလႈံႏိုင္ပါေစလို႔လည္းဆုေတာင္းေမတၱာပို႔သလိုက္ရပါတယ္ရွင္။ ပရိတ္သတ္ႀကီးလည္း ပိုင္တံခြန္ ရဲ႕မိခင္ အတြက္အားေပးစကားေလးေျပားေပးၾကပါဦးေနာ္…

Latest Posts

Don't Miss