Sunday, November 27, 2022

Latest Posts

သားလေးငယ်ငယ်က ဓာတ်ပုံလေးတွေကို မျှဝေလိုက်တဲ့ ရေမွန်ညီမလေး လပြည့်ကဗျာ

Unicode Version

အဆိုတော်ရေမွန်ရဲ့ညီမလေး လပြည့်က‌ဗျာ ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။ သူမကတော့ အခုတလော လူမှု့ကွန်ယက်ပေါ်မှာ ခင်ပွန်းဟောင်းနဲ့ပတ်သတ်ပြီးရင်ဖွင့်စကားတွေကို ပရိသတ်တွေသိအောင်မျှဝေပေးလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်က သူမရဲ့မိုက်မဲမှု့ကြောင့် ကလေးတစ်ယောက်ရခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးထား‌ပါသေးတယ်။ ခင်ပွန်းဘယ်သူဘယ်ဝါဆိုတာတော့ ပရိသတ်တွေကိုအသိမပေးထားပါဖူး။ အိမ်ထောင်ရေးကံမကောင်းတဲ့ သူမကို ပရိသတ်တွေက ဂရုဏာဖြစ်ပြီး သူမဘက်ကနေ ဝိုင်းရန်နေကြတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့လွန်ခဲ့တဲ့ ၂၀၁၇ က သူမသားလေးရဲ့ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။

လပြည့်ကဗျာ ရဲ့သားလေးနာမည်ကတော့ ပိုပိုးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့အသက် ၆နှစ်ပြည့်ပါပီ။ ပိုပိုးလေးကတော့ ကွယ်လွန်သွားခဲ့တဲ့ ဘပီ ခေါ် ရေမွန် ရဲ့တူအရင်းလေးလည်းဖြစ်ပါတယ်။ ဘပီကတော့ ပိုပိုးလေးကို အရမ်းချစ်ပါတယ်တဲ့။ လူစိတ်မရှိတဲ့ဖခင်ကြောင့် ဖခင်မေတ္တာငတ်မွတ်နေရတဲ့ ပိုပိုးလေးကိုတော့ အဖွား၊မိခင် နဲ့ဘပီတို့ရဲ့ မေတ္တာတွေနဲ့ ကြီးပြင်းစေခဲ့ပါတယ်။ ပိုပိုး ကတော့ဘပီကိုအချစ်ဆုံးဖြစ်တာကြောင့် ဘပီနားမှာ အမြဲကပ်နေတတ်ပါတယ်။ ပိုပိုးလေးကတော့ သူချစ်ရဲ့ဘပီကွယ်လွန်ချိန်မှာ အရမ်းခံစားခဲ့ရပါတယ်။ ပိုပိုး ရဲ့ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ကဲ…ပရိသတ်ကြီးရေ ပိုပိုးလေး ငယ်ငယ်တုန်းကဓာတ်ပုံလေးတွေက ချစ်ဖို့ကောင်းတယ်ဆိုရင် ပြန်လည်မျှဝေသွားကြပါအုန်းနော်။ လူစိတ်မရှိတဲ့ယောက်ကျားနဲ့တွေ့ကြုံခဲ့ရတဲ့ လပြည့်ကဗျာ အတွက်လည်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်း။ စာဖတ်ပရိသတ်တစ်ဦးချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss