Sunday, November 27, 2022

Latest Posts

သရုပ်ဆောင်လူရွှင်တော် ကောင်းကျော် နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း

Unicode Version

ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော် ဟာ မနေ့က ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းမှ တစ်ဆင့်သိရပါတယ်။ ကောင်းကျော် ဟာ သူနေထိုင်ရာ သာကေတမြို့နယ်၊(၈)ရပ်ကွက်၊ပိတောက်ရွှေဝါလမ်းရှိ နေအိမ်မှာပဲ ည ၁၀နာရီဝန်းကျင်လောက်က ဖမ်းခံလိုက်ရပါတယ်။ လက်ရှိမှာတော့ မည်သည့်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာ သေချာမသိရသေးတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေပါတယ်။

လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံလိုက်ရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကတော့ စစ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ လှုံ့ဆော်ချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်အကောင့်မှတစ်ဆင့် လူရွှင်တော် ကောင်းကျော် ဟာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဟားငါးကောင် လူရွှင်တော် အဖွဲ့ နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့အကြောင်းတွေကို တင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် လူရွှင်တော် ကောင်းကျော် ဟာ လူမူ့ကွန်ယက်ပေါ်မှာသာ ဟားငါးကောင်နဲ့ မိတ်ဆွေအဖြစ်ရှိတယ်လို့ ငြင်းခဲ့ပေမယ့် အခုလိုဖမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ကောင်းကျော်ရဲ့ ဇနီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူအတွက် အရမ်းကိုစိတ်ပူပန်နေပြီး အခုချိန်ထိ အဆက်အသွယ်မရရှိသေးတာကြောင့်လဲ ဘယ်လိုဆက်လက်လုပ်ဆောင်ရမယ်ဆိုတာ မသိလောက်အောင် ဖြစ်နေတယ်လို့ သိရပါတယ်။

ZawGyi Version

သ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ေနအိမ္မွာ ဖမ္းဆီးခံလိုက္ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္း

ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ဟာ မေန႔က ဧၿပီလ ၁၉ ရက္ေန႔က ဖမ္းဆီးခံလိုက္ရတယ္လို႔ နီးစပ္ရာအသိုင္းအဝိုင္းမွ တစ္ဆင့္သိရပါတယ္။ ေကာင္းေက်ာ္ ဟာ သူေနထိုင္ရာ သာေကတၿမိဳ႕နယ္၊(၈)ရပ္ကြက္၊ပိေတာက္ေ႐ႊဝါလမ္းရွိ ေနအိမ္မွာပဲ ည ၁၀နာရီဝန္းက်င္ေလာက္က ဖမ္းခံလိုက္ရပါတယ္။ လက္ရွိမွာေတာ့ မည္သည့္ေနရာကို ဖမ္းေခၚသြားတယ္ဆိုတာ ေသခ်ာမသိရေသးတာေၾကာင့္ မိသားစုဝင္ေတြက စိတ္ပူေနပါတယ္။

လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ဖမ္းဆီးခံလိုက္ရတဲ့ ေနာက္ကြယ္ကအေၾကာင္းအရင္းကေတာ့ စစ္ေလာ္ဘီ ဟန္ၿငိမ္းဦးရဲ႕ လႈံ႕ေဆာ္ခ်က္ေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဟန္ၿငိမ္းဦးရဲ႕ တယ္လီဂရမ္အေကာင့္မွတစ္ဆင့္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ဟာလြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ ဟားငါးေကာင္ လူ႐ႊင္ေတာ္ အဖြဲ႕ နဲ႔ ခ်ိတ္ဆက္ၿပီး လိုအပ္တဲ့အကူအညီေတြကို ေထာက္ပံ့ေပးေနတယ္ဆိုတဲ့အေၾကာင္းေတြကို တင္ထားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ ဟာ လူမူ႔ကြန္ယက္ေပၚမွာသာ ဟားငါးေကာင္နဲ႔ မိတ္ေဆြအျဖစ္ရွိတယ္လို႔ ျငင္းခဲ့ေပမယ့္ အခုလိုဖမ္းခံလိုက္ရတာပဲ ျဖစ္ပါတယ္။

လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ရဲ႕ ဇနီးျဖစ္သူဟာ ခင္ပြန္းျဖစ္သူအတြက္ အရမ္းကိုစိတ္ပူပန္ေနၿပီး အခုခ်ိန္ထိ အဆက္အသြယ္မရရွိေသးတာေၾကာင့္လဲ ဘယ္လိုဆက္လက္လုပ္ေဆာင္ရမယ္ဆိုတာ မသိေလာက္ေအာင္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

Latest Posts

Don't Miss