Saturday, November 26, 2022

Latest Posts

သမီးလေးအတွက် နေရောင်သာမယ့်နေ့ကို စောင့်နေပါတယ်လို့ ရင်ဖွင့်လိုက်တဲ့ ချမ်းချမ်း

Unicode Version

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ အသံပါဝါကောင်းကောင်း ကိုပိုင်ဆိုင်ထားပြီး အချစ်သီချင်းချိုချိုအေးအေးလေးတွေကို သီဆိုထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Melody World Myanmar သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ ချမ်းချမ်း ဟာ အခုဆိုရင်တော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ဝါရင့်အဆိုတော်တစ်ဦး အဖြစ်ရပ်တည်နေပါတယ်နော်။ ဒါပေမယ့် ချမ်းချမ်း ရဲ့ အိမ်ထောင်ရေးခရီးလမ်းကတော့ အဆင်ပြေချောမွေ့မနေခဲ့ပါဘူး။ သူမရဲ့ပထမအိမ်ထောင်နဲ့ လမ်းခွဲပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့တဲ့အပေါ် ပရိသတ်အချို့ကဝေဖန်နေကြပါတယ်။

ချမ်းချမ်း ဟာ မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို လွမ်းလို့အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် လက်လျော့လိုက်ရတဲ့အကြောင်းကို ” ဒီနေ့ အရာရာကိုလွှတ်ချလိုက်တဲ့နေ့အချိန်မကျသေးလို့ ရောက်မလာနိုင်သေးတဲ့အရာတွေအပေါ်မျှော်လင့်ခြင်းကြီးစွာနဲ့ တစ်နှစ်နည်းပါးကြိုးစားခဲ့တယ်ဘာမှ အရာမထင်ခဲ့ဘူးအခုသိလိုက်ပီ လက်လျော့လိုက်တာတော့မဟုတ်ဘူး အချိန်တစ်ခုကိုကျမစောင့်ရမယ် ကြိုးစားပေမဲ့ အချိန်မကျသေးရင်လဲ မရသေးပြန်ဘူးလောကကြီးကဆန်းကြယ်တယ်အရာရာကိုတရားသဘောနဲ့ပဲမှတ်လိုက်ပါတယ် ဖြေသာပါတယ်အခုကစလို့ကျမစိတ်ပင်ပန်းမခံတော့ဘူး လုပ်စရာရှိတာလုပ်မယ်ကံပါရင်ပြန်ဆုံမှာပဲ အခြေနေအရပ်ရပ်ကို အတွင်းကျကျမသိပဲ ခနဲ လိုက် သွေးထိုးလိုက် ဝေဖန်လိုက် လုပ်နေတဲ့သူတွေကိုလဲ ကျမ ဖြေရှငိးမနေတော့ဘူးအခုကစလို့ ပြောချင်ရာသာပြောနိုင်ပါတယ် ပြန်မတုန့်ပြန်ဖြေရှင်းမနေတော့ပါ မိခင်တိုင်းဟာ သားသမီးအတွက်အကောင်းဆုံးကိုပဲပေးချင်ကြတာပါ ဒါကိုမိခင်တိုင်းသိပါတယ် ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့နော် ကျမမှာဘာမှထပ်ဆုံးရှုံးစရာ မရှိတော့ပါဘူး အားလုံးကို သတိရတယ် ကျမကိုယ်တိုင်လဲကျနေလို့မရဘူး သမီးလေးတွေအတွက် နေရောင်သာမယ့်နေ့စောင့်နေပါတယ် ငိုနေရတဲ့အချိန်တွေမရှိချင်တော့ဘူးကျမ အမြဲပြုံးထားပေမဲ့တခါတလေ ငို ခွင့်ပေးပါ လောကကြီးရယ် ပင် ပန်းလှပါပီ” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ… အဆိုတော် ချမ်းချမ်း ခံစားနေတဲ့ခံစားချက်ကို မိခင်တိုင်းကိုယ်ချင်းစာ နိုင်ကြမယ်ထင်ပါတယ်။ ချမ်းချမ်း လဲ သမီးလေးနဲ့အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss