Tuesday, November 29, 2022
Latest Posts
သန်း ၁၅၀ တန်ရွက်လှေပေါ်မှာ 24 နှစ်အရွယ် မော်ဒယ်လ် မင်းသမီး နဲ့ အပန်းဖြေနေတဲ့လီယိုနာဒို
UNICODE VERSION
Titanic မင်းသားကြီး လီယိုနာဒို ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲနော်။ ငယ်ရွယ်စဥ်အခါကလည်း အလွန်ချောမောသလို အသက်ကြီးတဲ့အခါမှာလည်း စန်းကတော့ကျမသွားပါဘူးနော်။
မင်းသားကြီး လီယိုနာဒို နဲ့ သူ့ ရဲ့ ချစ်သူ Camila Morrone တို့ရဲ့ relationship ကို လူမြင်ကွင်းမှာသိပ်မချပြတက်ပါဘူး။ တစ်ခါတေလေရှားရှားပါး လူသိရှင်ကြား ထွက်လာတာဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး လီယိုနာဒိုဟာ သူ့ရဲ့ ချစ်သူ ၂၄ နှစ်အရွယ် Camila Morrone တို့နဲ့ အပန်း‌ဖြေခရီးထွက်တာကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
သူတို့ရဲ့ အပန်းဖြေခရီးအတွက် ဒေါ်လာ သန်း၁၅၀ တန် ရွက်လှေကိုစင်းလုံးငှားခဲ့ကာ သူငယ်ချင်းတွေလည်းပါ၀င်ကြပါတယ်။ အော်စကာဆုရှင် မင်းသားလီယိုနာဒိုနဲ့ သူရဲ့ချစ်သူ မော်ဒယ်လ်မင်းသမီးတို့ ဟာကမ်း‌ခြေမှာလမ်းလျှောက်ထွက်ခဲ့ကြပြီး မြို့တွင်းသို့လည်းလည်ပတ်ကြပါသေးတယ်။
New year’s eve တွင်လည်း Jeff Bezos တို့စုံတွဲ နဲ့ drake တို့အပါအ၀င် အခြားသော သူငယ်ချင်းများနဲ့အတူ ဧည့်ခံပွဲတစ်ခုကျင်းပခဲ့ပါသေးတယ်။
မင်းသား ကြီး လီယိုနာဒို တစ်ယောက် သူ့ထက်အသက်တစ်၀က်ငယ်တဲ့ ချစ်သူ ကောင်မလေးနဲ့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်နော်။
ZAWGYI VERSION
သန်း ၁၅၀ တန်ရွက်လှေပေါ်မှာ 24 နှစ်အရွယ် မော်ဒယ်လ် မင်းသမီး နဲ့ အပန်းဖြေနေတဲ့လီယိုနာဒို Titanic မင်းသားကြီး လီယိုနာဒို ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲနော်။
Latest Posts
Don't Miss