Monday, November 28, 2022
Latest Posts
သင်္ကြန်မဏ္ဍပ်မှာ သီချင်းဆိုဖို့လာခေါ်တာတွေကို အပြတ်ငြင်းလိုက်တဲ့ ဝိုင်းစုခိုင်သိန်း တို့ စုံတွဲ
Unicode Version
အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလဲဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါအပြင် ထူးခြားကောင်းမွန်တဲ့ အသံလေးကို ပိုင်ဆိုင်ထားတာကြောင့် အလွမ်းသီချင်းလေးတွေ သာမက အချစ်သီချင်းချိုချိုလေးတွေကို သီဆိုခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမူ့ကို အထူးရရှိခဲ့ပါတယ်။ ဝိုင်းစု ဟာ rock ဂီတအဆိုတော် အောင်လ နဲ့ သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အိမ်ထောင်ရေး အချစ်ခရီးလမ်းကို လျှောက်လှမ်းနေပါတယ်။
ပထမဦးဆုံးအနေနဲ့ စတင်ရောင်းချခဲ့တဲ့ ထိုင်းရိုးရာအစားအစာြဖစ်တဲ့ ထိုင်းမုန့်ဟင်းခါး ကတော့ အရသာကောင်းမွန်လွန်းတာကြောင့် လက်မလည်အောင် ရောင်းချရပါတယ်။ နောက်ပိုင်းတွေမှာ သူမကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် ရောင်းချတဲ့ ဖက်ထမင်း နဲ့ ကြက်သံဗုံးကင် ကလဲ အော်ဒါတင်သူတွေ များစွာရှိလာခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်အစီအစဥ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ “ဒီနှစ် သင်္ကြန် မဏ္ဍပ် တွေတော်တော်များများက စုံတွဲလာလာခေါ်ကြတယ် တောင်းချင်သလောက်တောင်းတဲ့ မဆိုဘူးနော်လို့ ခဏခဏပြောရတာမောလာလို့ ဟီး” လို့ သူမရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
အဆိုတော် ဝိုင်းစု တို့စုံတွဲဟာ သူတို့ကိုယ်တိုင်ချက်ထားတဲ့ အစားအစာတွေကို လက်မလည်အောင် ရောင်းချနေရလို့ မအားလပ်နိုင်ပါဘူးနော်။ ဒီနှစ်သင်္ကြန်မှာ ဘယ်မဏ္ဍပ်မှာမှ သီချင်းဆိုဖို့လဲ အစီအစဥ်မရှိပါဘူးလို့ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။
ZawGyi Version
Latest Posts
Don't Miss