Tuesday, November 29, 2022

Latest Posts

သင်္ကြန်တွင်းမှာ ပြုလုပ်မယ့်စိတ်ကူးလေးတစ်ခုကို ပြောပြလိုက်တဲ့ အဆိုတော် G-Fatt

Unicode Version

ဟစ်ဟော့အဆိုတော် G Fatt ဟာ ပရိတ်သတ်အားပေးမှု့ကို တခဲနက်ရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ဘဝကို သုညကနေစတင်လာပြီး နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့တဲ့ G Fatt ဟာ လူငယ်ပရိသတ်တွေအတွက်ကတော့ စံပြပါပဲ။ ဒါကြောင့်လဲ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ဘဝစာမျက်နှာတွေကို သီချင်းတွေထဲမှာ ထည့်ရေးလေ့ရှိတာကို ချစ်တဲ့ပရိသတ်ကြီးလဲ သတိထားမိမယ် ထင်ပါတယ်။ ဒါအပြင် သူ့ရဲ့ ကာရံလှလှလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးကလဲ ပရိသတ်တွေရင်ထဲကိုရောက်ရှိခဲ့ပြီး အတော်လေးနာမည်ကြီးခဲ့ပါတယ်။

အဆိုတော် GFatt ဟာ ဒီကနေ April လ ၄ ရက်နေ့မှာ Samsung Galaxy A/M Series မိတ်ဆက်ပွဲကို ပိုင်တံခွန်၊မေတိုးခိုင် တို့နဲ့အတူ တတ်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာလဲ Samsung နဲ့လုပ်စရာအလုပ်တွေ အများကြီးရှိပါသေးတယ်တဲ့။ လက်ရှိမှာသီချင်းခွေထွက်ဖို့မရှိသေးပါဘူး ဒါပေမယ့် သီချင်းနည်းနည်းပါးပါးတော့ ရေးဖြစ်နေပါတယ်။ ပွဲမတတ်ရတာကြာပြီဖြစ်တဲ့အတွက် စင်ပေါ်တတ်ရတဲ့အခါ ရင်တုန်စိတ်လှုပ်ရှားပါတယ်တဲ့။ အဆိုတော် G-Fatt ဟာ သင်္ကြန်တွင်းမှာ ညီအစ်ကိုတွေနဲ့အတူ ဘုန်းကြီးဝတ်ဖို့ စိတ်ကူးရှိပါတယ်လို့ ချစ်တဲ့ပရိသတ်တွေကို အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။

အဆိုတော် G-Fatt ကတော့ သင်္ကြန်မှာဘုန်းကြီးဝတ်ဖို့ စိတ်ကူးရှိနေပါတယ်တဲ့။ Cele Only ပရိသတ်ကြီးလဲ သင်္ကြန်တွင်းမှာ ဘာလုပ်ဖို့အစီအစဥ်တွေရှိနေလဲ ပြောပြသွားခဲ့ပါအုန်းနော်…။

ZawGyi Version





Latest Posts

Don't Miss