Saturday, November 26, 2022

Latest Posts

သူငယ်ချင်းဖြစ်သူ G-Dragon နဲ့ video cll ခေါ်ဆိုမှုကို မျှ‌‌‌ဝေခဲ့တဲ့ CL

Unicode Version

ဧပြီလ 21 ရက်နေ့မှာတော့ CL ဟာ သူမရဲ့ ရင်နှီးတဲ့ သူငယ်ချင်း ဖြစ်တဲ့ G-Dragon နဲ့ ဗီဒီယိုခေါ်ဆိုမှု screenshoot တွေကို အင်စတာဂရမ် story မှာမျှ‌ဝေခဲ့ပါတယ်။

၎င်း အင်စတာဂရမ် story မှာတော့ G-Dragon ဟာ ကားတစ်စီးရဲ့ ခရီးသည်ထိုင်ခုံမှာ ထိုင်ရင်း မီးခိုးငွေ့တွေ ရှူရှိုက်ရင်း လက်နှစ်ချောင်းထောင် ပုံစံလေးကိုမြင်တွေ့ခဲ့ရပါတယ်။ ညာဘက်ထောင့်ရှိသေးငယ်တဲ့ စခရင်မှာတော့ CL နဲ့ ဒီဇိုင်နာ Alexander Wang တို့ ဟာ United States ကနေနှုတ်ဆက်နေကြတာပဲဖြစ်ပါတယ်။

အဲ့ story လေးကို တွေ့ခဲ့ကြတဲ့ ပရိတ်သတ်အချို့ကတော့ ” “သူတို့က တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်နေတုန်းပဲ” ” G-Dragon က Alexander Wang ကိုရောသိနေတာလား” လားဆိုတဲ့မှတ်ချက်တွေအသီးသီးပေးကြပါတယ်။

လက်ရှိမှာတော့ CL ဟာ သူမရဲ့ Instagram Story ထဲက ဓာတ်ပုံတွေကိုဖျက်လိုက်ပါပြီ။ အဲ့ဓာတ်ပုံအစား CL ဟာ Alexander Wang နဲ့ အဆိုတော် The Weeknd တိုနဲ့ အတူ အနီးကပ်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မျှ‌ဝေထားတာကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။

မကြာသေးမီကပဲ CLကတော့ သူမရဲ့ YouTube vlog စီးရီး ‘CL+’ရဲ့ အပိုင်း ၁ ကိုထုတ်ဖော် ပြသခဲ့ပါတယ်။

Zawgyi Version

သူငယ္ခ်င္းျဖစ္သူ G-Dragon နဲ႔ video cll ေခၚဆိုမႈကို မွ်‌‌‌ေဝခဲ့တဲ့ CL

ဧၿပီလ 21 ရက္ေန႔မွာေတာ့ CL ဟာ သူမရဲ႕ ရင္ႏွီးတဲ့ သူငယ္ခ်င္း ျဖစ္တဲ့ G-Dragon နဲ႔ ဗီဒီယိုေခၚဆိုမႈ screenshoot ေတြကို အင္စတာဂရမ္ story မွာမွ်‌ေဝခဲ့ပါတယ္။

၎ အင္စတာဂရမ္ story မွာေတာ့ G-Dragon ဟာ ကားတစ္စီးရဲ႕ ခရီးသည္ထိုင္ခုံမွာ ထိုင္ရင္း မီးခိုးေငြ႕ေတြ ရႉရႈိက္ရင္း လက္ႏွစ္ေခ်ာင္းေထာင္ ပုံစံေလးကိုျမင္ေတြ႕ခဲ့ရပါတယ္။ ညာဘက္ေထာင့္ရွိေသးငယ္တဲ့ စခရင္မွာေတာ့ CL နဲ႔ ဒီဇိုင္နာ Alexander Wang တို႔ ဟာ United States ကေနႏႈတ္ဆက္ေနၾကတာပဲျဖစ္ပါတယ္။

အဲ့ story ေလးကို ေတြ႕ခဲ့ၾကတဲ့ ပရိတ္သတ္အခ်ိဳ႕ကေတာ့ ” “သူတို႔က တကယ့္သူငယ္ခ်င္းေကာင္းေတြ ျဖစ္ေနတုန္းပဲ” ” G-Dragon က Alexander Wang ကိုေရာသိေနတာလား” လားဆိုတဲ့မွတ္ခ်က္ေတြအသီးသီးေပးၾကပါတယ္။

လက္ရွိမွာေတာ့ CL ဟာ သူမရဲ႕ Instagram Story ထဲက ဓာတ္ပုံေတြကိုဖ်က္လိုက္ပါၿပီ။ အဲ့ဓာတ္ပုံအစား CL ဟာ Alexander Wang နဲ႔ အဆိုေတာ္ The Weeknd တိုနဲ႔ အတူ အနီးကပ္႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို မွ်‌ေဝထားတာကို မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။

မၾကာေသးမီကပဲ CLကေတာ့ သူမရဲ႕ YouTube vlog စီးရီး ‘CL+’ရဲ႕ အပိုင္း ၁ ကိုထုတ္ေဖာ္ ျပသခဲ့ပါတယ္။

Latest Posts

Don't Miss