Monday, November 28, 2022

Latest Posts

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော် ဘဘ ဦးစံမတူ ကွယ်လွန်

Unicode Version

ပရိသတ်ကြီးရေ လူအများကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးတင်ဆက်ပြသခဲ့တဲ့ ခေတ်အဆက်အဆက်ကိုမှီခဲ့တဲ့ မြန်မာ့ ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့်ဟာသသရုပ်ဆောင် ဖြစ်တဲ့ ဘဘ ဦးစံမတူ ဟာ ယနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ နံနက် ၆ နာရီခွဲ အချိန်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြန်ပြီလို့ စိတ်မကောင်းစွာ သိရှိရပါတယ် ။

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်  ဘဘ ဦးစံမတူ ကွယ်လွန်

ဝါရင့် လူရွှင်တော်ကြီး တွေဖြစ်ကြတဲ့ ဦးစံမတူ နဲ့ ဦးပလာတာ တို့စုံတွဲရဲ့ ပျက်လုံးတွေကတော့ မသိသူမရှိလောက်အောင် နာမည်ကြီးခဲ့ပါတယ်။ “ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ
ကွယ်လွန်သွားပြန်ပါပြီဗျာ။ ဘဘ ကောင်းရာဘုံဘဝကို ရောက်ပါစေ”လို့ လူရွှင်တော် ကောင်းကျော်က စိတ်မကောင်းစွာ ရေးသားထားပါတယ်။ ဘဘ ဦးစံမတူ ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ ရှိပြီပဲဖြစ်ပါတယ်။

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်  ဘဘ ဦးစံမတူ ကွယ်လွန်

ဦးစံမတူ ဟာ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာ ဟာသ သရုပ်ဆောင် ဦးပလာတာ နဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အနုပညာရှင်ကြီး ဘဘ ဦးစံမတူ ကောင်းရာသုဂတိလားပါစေ။

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်  ဘဘ ဦးစံမတူ ကွယ်လွန်

ZawGyi Version

ဝါရင့္ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဘဘ ဦးစံမတူ ကြယ္လြန္

ပရိသတ္ႀကီးေရ လူအမ်ားကို ေပ်ာ္႐ႊင္ရယ္ေမာေအာင္ အေကာင္းဆုံးတင္ဆက္ျပသခဲ့တဲ့ ေခတ္အဆက္အဆက္ကိုမွီခဲ့တဲ့ ျမန္မာ့ ႐ုပ္ရွင္ႏွင့္ဗီဒီယို ဝါရင့္ဟာသသ႐ုပ္ေဆာင္ ျဖစ္တဲ့ ဘဘ ဦးစံမတူ ဟာ ယေန႔ ဩဂုတ္လ ၃ ရက္ေန႔မွာ နံနက္ ၆ နာရီခြဲ အခ်ိန္က လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားျပန္ၿပီလို႔ စိတ္မေကာင္းစြာ သိရွိရပါတယ္ ။

ဝါရင့္ လူ႐ႊင္ေတာ္ႀကီး ေတြျဖစ္ၾကတဲ့ ဦးစံမတူ နဲ႔ ဦးပလာတာ တို႔စုံတြဲရဲ႕ ပ်က္လုံးေတြကေတာ့ မသိသူမရွိေလာက္ေအာင္ နာမည္ႀကီးခဲ့ပါတယ္။ “႐ုပ္ရွင္ႏွင့္ဗီဒီယို ဝါရင့္ ဟာသသ႐ုပ္ေဆာင္ ဦးစံမတူ
ကြယ္လြန္သြားျပန္ပါၿပီဗ်ာ။ ဘဘ ေကာင္းရာဘုံဘဝကို ေရာက္ပါေစ”လို႔ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္က စိတ္မေကာင္းစြာ ေရးသားထားပါတယ္။ ဘဘ ဦးစံမတူ ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၉၀ ရွိၿပီပဲျဖစ္ပါတယ္။

ဦးစံမတူ ဟာ ဇာတ္သဘင္ေလာကမွ ႐ုပ္ရွင္နယ္ပယ္သို႔ ေရာက္ရွိခဲ့သူျဖစ္ၿပီး၊ ႐ုပ္ရွင္ဇာတ္ကားေပါင္း ၂၀၀ ေက်ာ္မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာ ဟာသ သ႐ုပ္ေဆာင္ ဦးပလာတာ နဲ႔ အတြဲညီညီ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္ႀကီး ဘဘ ဦးစံမတူ ေကာင္းရာသုဂတိလားပါေစ။

Latest Posts

Don't Miss