Saturday, December 3, 2022

Latest Posts

လွမ်းနေတဲ့ ပရိသတ်တွေအတွက် အမိုက်စား ဓာတ်ပုံတွေ တင်ပေးလိုက်တဲ့ အဆိုတော် ဟန်နေတာ

Unicode Version

နာမည်ကြီးသီချင်းဖြစ်တဲ့ ” မိုးမခအိမ်မက် ခရမ်းပြာ ” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိခဲ့တဲ့ အဆိုတော် ဟန်နေတာ ကိုတော့ ရော့ခ်ဂီတကိုချစ်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်တစ်ဦးဖြစ်တဲ့ ဟန်နေတာ ဟာ တေးသီချင်းကောင်းတွေကို ကိုယ်တိုင်ဖန်တီးသီဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုတော် ဟန်နေတာ ဟာ အရင်ကပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက် ဆန္ဒတွေထုတ်ဖော်ခဲ့ပေမယ့် လက်ရှိမှာလှုပ်ရှားမှု့တွေနည်းနေတာကြောင့် အချို့ပရိသတ်တွေရဲ့ ဝေဖန်မှု့ကိုခံနေရပါတယ်။ ဒါပေမယ့်လဲ လှုပ်ရှားမှု့တွေမရှိပေမယ့် ဘယ်တော့မှ နောင်တရစေမယ့် လုပ်ရပ်တွေကို မလုပ်ဘူးလို့ ပရိသတ်တွေကို အသိပေးထားပါတယ်။ အဆိုတော် ဟန်နေတာ ဟာ ယခင်ကတည်းက လူမှု့ကွန်ယက်အသုံးနည်းသူတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေ နဲ့ ဓာတ်ပုံတွေကိုဖော်ပြလေ့မရှိတာကို ပရိသတ်ကြီးလဲ နားလည်လက်ခံမယ်လို့ ထင်ပါတယ်နော်။

လူမူ့ကွန်ယက်ပေါ်မှာ လှုပ်ရှားမူ့တွေ မရှိတာကြောင့် လွမ်းနေတဲ့ ပရိသတ်တွေအတွက် အဆိုတော် ဟန်နေတာ ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss