Tuesday, November 29, 2022

Latest Posts

လွတ်မြောက်နယ်မြေမှာ အတူရောက်ရှိနေတဲ့ မိန်းမဖြစ်သူကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သည်ခေတ်နေ

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်ကားတွေကို အဓိကဖန်တီးရတဲ့ ပညာရပ်ကတော့ ဒါရိုက်တာပညာရပ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ထိပ်တန်း ဒါရိုက်တာတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ကိုတော့ ရုပ်ရှင်ချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ MRTV-4 က ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီး မှု့ခင်းဇာတ်လမ်းတွဲဖြစ်တဲ့ ” မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွဲကို အကောင်းမွန်ဆုံးရိုက်ချက်တွေနဲ့ ဖန်တီးရိုက်ကူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာလက်ရှိမှာ ချစ်ရတဲ့မိသားစုနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ဟာ ဒီကနေ့မှာ ကျရောက်လာတဲ့ မိန်းမဖြစ်သူရဲ့ မွေးနေ့လေးကို အခုလိုပဲဆုတောင်းစကားပြောလိုက်ပါတယ်။ ” ဘဝရဲ့အချိုးအပြောင်းတွေကြားမှာ ပြည်သူ့အားနဲ့ယောကျာ်းဖြစ်သူကိုယုံကြည်ပြီး အရာရာကိုပစ်ချခဲ့တဲ့မိန်းမရေ…ဒုက္ခ၊သုခကိုမမှုပဲ မွေးနေ့ပေါင်းများစွာ သမီးလေးနဲ့အတူတူ တို့တွေဆက်လက်ချီတက်ကြမယ်။ Happy Birthday Lay ဤမွေးနေ့မှစပြီး သောက ကင်းပါစေ။ မွေးနေ့လက်ဆောင် ကတော့ဘိုင်ပြတ်နေတဲ့အတွက် တစ်နေ့အရင်လိုအလုပ်တွေပြန်လုပ်ရတော့မှပဲ ပေးတော့မယ်အကြွေးမှတ်ထားလိုက်တော့ကွယ် ” လို့ သည်ခေတ်နေ ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

Cele Only ပရိသတ်ကြီးရေ ဒီကနေ့ကတော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ သည်ခေတ်နေ ရဲ့ မိန်းမဖြစ်သူ ရဲ့မွေးနေ့ပဲ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောထဲမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ သည်ခေတ်နေ တို့မိသားစုအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမမွာ အတူေရာက္ရွိေနတဲ့ မိန္းမျဖစ္သူကို ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ သည္ေခတ္ေန

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ကားေတြကို အဓိကဖန္တီးရတဲ့ ပညာရပ္ကေတာ့ ဒါ႐ိုက္တာပညာရပ္ပဲ ျဖစ္ပါတယ္။ ျမန္မာျပည္ရဲ႕ထိပ္တန္း ဒါ႐ိုက္တာေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ကိုေတာ့ ႐ုပ္ရွင္ခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။ MRTV-4 က ထုတ္လႊင့္ျပသခဲ့တဲ့ နာမည္ႀကီး မႈ႕ခင္းဇာတ္လမ္းတြဲျဖစ္တဲ့ ” မေန႔ကျဖစ္သည္ ” ဇာတ္လမ္းတြဲကို အေကာင္းမြန္ဆုံး႐ိုက္ခ်က္ေတြနဲ႔ ဖန္တီး႐ိုက္ကူးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ဖန္တီး႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ဟာလက္ရွိမွာ ခ်စ္ရတဲ့မိသားစုနဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနခဲ့တာပဲျဖစ္ပါတယ္။

ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ ဒီကေန႔မွာ က်ေရာက္လာတဲ့ မိန္းမျဖစ္သူရဲ႕ ေမြးေန႔ေလးကို အခုလိုပဲဆုေတာင္းစကားေျပာလိုက္ပါတယ္။ ” ဘဝရဲ႕အခ်ိဳးအေျပာင္းေတြၾကားမွာ ျပည္သူ႔အားနဲ႔ေယာက်ာ္းျဖစ္သူကိုယုံၾကည္ၿပီး အရာရာကိုပစ္ခ်ခဲ့တဲ့မိန္းမေရ…ဒုကၡ၊သုခကိုမမႈပဲ ေမြးေန႔ေပါင္းမ်ားစြာ သမီးေလးနဲ႔အတူတူ တို႔ေတြဆက္လက္ခ်ီတက္ၾကမယ္။ Happy Birthday Lay ဤေမြးေန႔မွစၿပီး ေသာက ကင္းပါေစ။ ေမြးေန႔လက္ေဆာင္ ကေတာ့ဘိုင္ျပတ္ေနတဲ့အတြက္ တစ္ေန႔အရင္လိုအလုပ္ေတြျပန္လုပ္ရေတာ့မွပဲ ေပးေတာ့မယ္အေႂကြးမွတ္ထားလိုက္ေတာ့ကြယ္ ” လို႔ သည္ေခတ္ေန ဟာ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

Cele Only ပရိသတ္ႀကီးေရ ဒီကေန႔ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ရဲ႕ မိန္းမျဖစ္သူ ရဲ႕ေမြးေန႔ပဲ ျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ ေတာထဲမွာ ေရာက္ရွိေနတဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန တို႔မိသားစုအတြက္ အားေပးစကားေလးေတြ ေျပာေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss