Saturday, December 3, 2022

Latest Posts

လွတ်မြောက်နယ်မြေမှာ အဆင်ပြေအောင်နေနေပါတယ် ဆိုတဲ့ မင်းသား မင်းမော်ကွန်း

Unicode Version

ပရိသတ်အချစ်တော် မင်းမော်ကွန်း ကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ မင်းမော်ကွန်း ကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလိုသားဖြစ်သူ မင်းမော်ကွန်း ကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။

မင်းသား မင်းမော်ကွန်း ကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်း ဟာလောလောဆယ်မှာလွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်းသိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကိုတွန်း လှန်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းမော်ကွန်း တို့မိသားစုကတော့ လွတ်မြောက်နယ်မြေမှာ ခက်ခဲကြမ်းတမ်းပေမယ့် အဆင်ပြေအောင်နေနေပါတယ်လို့ သူရဲ့လူမှု့စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ကဲ ပရိသတ်ကြီးရေ ပြည်သူအချစ်တော် မင်းသား မင်းမော်ကွန်း ကို အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားခဲ့ပါအုန်းနော်။ စာဖတ်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ ဘေးဘယာဝေကွားပြီး လိုရာပန်းတိုင်ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမမွာ အဆင္ေျပေအာင္ေနေနပါတယ္ ဆိုတဲ့ မင္းေမာ္ကြန္း

ပရိသတ္အခ်စ္ေတာ္ မင္းေမာ္ကြန္း ကေတာ့ ႐ုပ္ရွင္ဇာတ္လမ္းေတြမွာေရာ ႏွင္းဆီအၿငိမ့္မွာေရာ ေအာင္ျမင္ခဲ့တာေၾကာင့္ ျပည္သူေတြရဲ႕အခ်စ္ေတြကိုသိမ္းပိုက္ထားႏိုင္သူျဖစ္ပါတယ္။ မင္းေမာ္ကြန္း ကေတာ့ အႏုပညာမွာလည္း က်ရာဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ႏိုင္သလို အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာလည္း နာမည္ပ်က္မရွိေအာင္ ေနထိုင္ခဲ့သူျဖစ္ပါတယ္။ အႏုပညာေလာကမွာလည္း ဖခင္ျဖစ္သူ ဦးဇင္ဝိုင္းကိုလည္း လူတိုင္းကေလးစားအားက်ရသလိုသားျဖစ္သူ မင္းေမာ္ကြန္း ကလည္း အမွန္တရားဘက္ကို ရဲရဲဝင့္ဝင့္ေနရဲသူလည္း ျဖစ္ပါတယ္။ ျပည္သူေတြရဲ႕အတူ ခံစားခ်က္ေတြထပ္တူက်ခဲ့သူျဖစ္တဲ့အျပင္ ဖခင္ျဖစ္သူ အဖမ္းခံရတဲ့အခါမွာလည္း ေနာက္ဆုတ္မသြားတဲ့အျပင္ေရွ႕ကိုသာဆက္လက္ရပ္တည္ခဲ့ပါတယ္။ အေဖျဖစ္သူေရာ သားျဖစ္သူပါ ရဲရင့္ျပတ္သားစြာ ရွိေနခဲ့ၾကလို႔လည္း ျပည္သူေတြလည္း အားအင္ေတြအျပည့္ရွိခဲ့တယ္ဆိုရင္လည္း မမွားပါဘူးေနာ္။

မင္းသား မင္းေမာ္ကြန္း ကေတာ့ လူကိုယ္တိုင္လည္း ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး လူမ်ားနည္းတူ လူမႈ႕ကြန္ယက္စာမ်က္ႏွာထက္ကေနလည္း ဆက္လက္ၿပီးေတာ္လွန္ေနဆဲပဲ ျဖစ္ပါတယ္နည္းမ်ိဳးစုံျဖင့္ ခံဝန္ကတိထိုးဖို႔တြန္းအားေပးခံခဲ့ရေပမယ့္ ေနာက္မဆုတ္ဘဲ ပန္းတိုင္ကို မေရာက္ေရာက္ေအာင္ ေလွ်ာက္လွမ္းေနဆဲပါပဲေနာ္။ ေတာ္လွန္ေရးအတြက္ အုတ္တစ္ခ်က္ သဲတစ္ပြင့္ တာဝန္ထမ္းေဆာင္ေနတဲ့ မင္းေမာ္ကြန္း ဟာေလာေလာဆယ္မွာလြတ္ေျမာက္နယ္ေျမတစ္ခုကိုေရာက္ရွိေနတယ္လို႔လည္းသိရွိရၿပီး သူကေတာ့တတ္ႏိုင္တဲ့ဘက္ကေနၿပီး အာဏာရွင္ကိုတြန္း လွန္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မင္းေမာ္ကြန္း တို႔မိသားစုကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ခက္ခဲၾကမ္းတမ္းေပမယ့္ အဆင္ေျပေအာင္ေနေနပါတယ္လို႔ သူရဲ႕လူမႈ႕စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္။

ကဲ ပရိသတ္ႀကီးေရ ျပည္သူအခ်စ္ေတာ္ မင္းသား မင္းေမာ္ကြန္း ကို အားေပးစကားေလးေတြကို ေကာမန႔္မွာ ေရးသားခဲ့ပါအုန္းေနာ္။ စာဖတ္သူအေပါင္း က်န္းမာခ်မ္းသာၾကပါေစ ေဘးဘယာေဝကြားၿပီး လိုရာပန္းတိုင္ကို အျမန္ေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss