Friday, January 27, 2023

Latest Posts

လွတ်မြောက်နယ်မြေမှာ တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အဆိုတော် ဘင်ဂျမင်ဆုန်

Unicode Version

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ရင်း နာမည်ကြီးလူသိများလာခဲ့တဲ့ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင်တစ်ဦး ကိုမှတ်မိဦးမယ်ထင်ပါတယ်နော်။ သူကတော့ ချိုသာတဲ့အပြုံးလေးကို ပိုင်ဆိုင်ထားပြီး အမြဲတမ်းတတ်ကြွလန်းဆန်းနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးလဲ ဖြစ်ပါတယ်။ ကဲ အခုလောက်ဆို သူ့နာမည်ကို သိနေလောက်ပြီထင်ပါတယ်။ သူ့နာမည်ကတော့ ဘင်ဂျမင်ဆုန် ပဲ ဖြစ်ပါတယ်နော်။ ဘင်ဂျမင် ဟာ ထူးခြားတဲ့အသံကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို အကောင်းမွန်ဆုံး သီဆိုယျဥ်ပြိုင်ခဲ့တာကြောင့် ပရိသတ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။

အဆိုတော် ဘင်ဂျမင် ဟာ ချင်းတိုင်းရင်းသားလေး တစ်ဦးဖြစ်ပါတယ်။ သူဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ခဲ့သူတစ်ဦးပါပဲ။ တတ်ကျွမ်းတဲ့အဆိုပညာနဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို အခြားပြင်ပနိုင်ငံတွေသိအောင် ကြိုးစားနေသူလဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘင်ဂျမင် ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်းကို သူ့ရဲ့ပရိသတ်တွေကို အသိပေးထားပါတယ်။ ချင်းပြည်နယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ CNDF မှာ ရောက်ရှိနေကြာင်းကို ပုံလေးတွေနဲ့အတူ “I am a freedom fighter with a guitar အရေးတော်ပုံအောင်ရမည်” လို့ သူရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။

အဆိုတော် ဘင်ဂျမင်ဆုန် ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဥ်အတွင်း ရဲဘော်တွေကို သီချင်းလေးတွေနဲ့ ဖျော်ဖြေပေးနေတာလဲ ဖြစ်ပါတယ်။ ဘင်ဂျမင် လဲ ဘေးကင်းကျန်းမာပါစေလို့ ချစ်တဲ့ပရိသတ်တွေက ကောမန့်မှတစ်ဆင့် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမမွာ ေတာ္လွန္ေရး ရဲေဘာ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ အဆိုေတာ္ ဘင္ဂ်မင္ဆုန္

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ရင္း နာမည္ႀကီးလူသိမ်ားလာခဲ့တဲ့ ခ်င္းတိုင္းရင္းသား ၿပိဳင္ပြဲဝင္တစ္ဦး ကိုမွတ္မိဦးမယ္ထင္ပါတယ္ေနာ္။ သူကေတာ့ ခ်ိဳသာတဲ့အၿပဳံးေလးကို ပိုင္ဆိုင္ထားၿပီး အၿမဲတမ္းတတ္ႂကြလန္းဆန္းေနတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးလဲ ျဖစ္ပါတယ္။ ကဲ အခုေလာက္ဆို သူ႔နာမည္ကို သိေနေလာက္ၿပီထင္ပါတယ္။ သူ႔နာမည္ကေတာ့ ဘင္ဂ်မင္ဆုန္ ပဲ ျဖစ္ပါတယ္ေနာ္။ ဘင္ဂ်မင္ ဟာ ထူးျခားတဲ့အသံကို ပိုင္ဆိုင္ထားၿပီး သီခ်င္းေတြကို အေကာင္းမြန္ဆုံး သီဆိုယ်ဥ္ၿပိဳင္ခဲ့တာေၾကာင့္ ပရိသတ္ေပါင္းမ်ားစြာ ရရွိခဲ့ပါတယ္။

အဆိုေတာ္ ဘင္ဂ်မင္ ဟာ ခ်င္းတိုင္းရင္းသားေလး တစ္ဦးျဖစ္ပါတယ္။ သူဟာ အမွန္တရားကို ခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္ၿပီး ျမန္မာျပည္သူေတြနဲ႔ အတူရပ္တည္ခဲ့သူတစ္ဦးပါပဲ။ တတ္ကြၽမ္းတဲ့အဆိုပညာနဲ႔ ျမန္မာျပည္ရဲ႕ အေျခအေနေတြကို အျခားျပင္ပႏိုင္ငံေတြသိေအာင္ ႀကိဳးစားေနသူလဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဘင္ဂ်မင္ ကေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနၿပီး ေတာ္လွန္ေရး ရဲေဘာ္အျဖစ္ တာဝန္ထမ္းေဆာင္ေနေၾကာင္းကို သူ႔ရဲ႕ပရိသတ္ေတြကို အသိေပးထားပါတယ္။ ခ်င္းျပည္နယ္တပ္ဖြဲ႕တစ္ခုျဖစ္တဲ့ CNDF မွာ ေရာက္ရွိေနၾကာင္းကို ပုံေလးေတြနဲ႔အတူ “I am a freedom fighter with a guitar အေရးေတာ္ပုံေအာင္ရမည္” လို႔ သူရဲ႕လူမူ႔ကြန္ယက္မွာ ေရးသားထားပါတယ္။

အဆိုေတာ္ ဘင္ဂ်မင္ဆုန္ ဟာ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနစဥ္အတြင္း ရဲေဘာ္ေတြကို သီခ်င္းေလးေတြနဲ႔ ေဖ်ာ္ေျဖေပးေနတာလဲ ျဖစ္ပါတယ္။ ဘင္ဂ်မင္ လဲ ေဘးကင္းက်န္းမာပါေစလို႔ ခ်စ္တဲ့ပရိသတ္ေတြက ေကာမန႔္မွတစ္ဆင့္ ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss