Monday, November 28, 2022

Latest Posts

လွတ်မြောက်နယ်မြေက ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုကို ထုတ်ဖော်ပြသလိုက်တဲ့ ဦးကျော်သက်လင်း

Unicode Version

ညစဥ် ၈ နာရီသတင်းမှာ ကျမ်းမာတော်မူကြပါစခင်ဗျာ ဆိုတဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီလူကြီးကို မှတ်မိကြသေးရဲ့လား ။ မြန်မာပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် CDM ကို အစောဆုံးပြုလုပ်ခဲ့သူလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး လက်ရှိမှာ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပါနော်။ ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပေမယ့်လဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေပါတယ်။ ဒါကြောင့်လဲ စိုးရိမ်စိတ်ပူပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေအတွက် စိတ်အေးရပြန်ပါတယ်။ ဦးကျော် ဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေပေမယ့် နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်တာကြောင့် တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် တောထဲက သူ့ရဲ့ငြိမ်းချမ်းရာနေရာလေးကို ပရိသတ်တွေလဲ သိရအောင် ထုတ်ဖော်ပြသလိုက်ပါတယ်။ ” တိရစ္ဆာန်လေးတွေ ကိုချစ်တယ် သဘာဝကိုမြတ်နိုးတန်ဖိုးထားတယ် ကလေးတွေကပညာတတ်ရမယ် စစ်မရှိတဲ့အချိန် ကျနော့်တဲလေးက ငြိမ်းချမ်းပါတယ်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရဲ့ ငြိမ်းချမ်းတဲ့နေရာလေးကို သိရှိလောက်ပြီ ထင်ပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ ချစ်ရတဲ့ စာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss