Sunday, November 27, 2022

Latest Posts

လွတ်မြောက်နယ်မြေကို သွားရောက်ခဲ့ချိန်က ပါသွားခဲ့တဲ့အရာတွေကို ပြောပြလိုက်တဲ့ သည်ခေတ်နေ

Unicode Version

ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ သူဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ဟာ စိတ်ဓာတ်ပြတ်သား ခိုင်မာသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ နောက်မဆုတ်ပြီး တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ချစ်တဲ့ပရိသတ်တွေကဟာ ပိုမိုလေးစားချစ်ခင်နေရကြတာလဲ ဖြစ်ပါတယ်။ သည်ခေတ်နေ ဟာ လွတ်မြောက်နယ်မြေကို သွားရောက်ခဲ့ချိန်က ပါသွားခဲ့တဲ့အရာတွေကို ပြောပြလိုက်ပါတယ်။ ” ကိုယ်နဲ့အတူဆိုလို့…အသက်နဲ့ခန္ဓာရယ် ဂျင်းအင်္ကျီအဟောင်းလေးရယ် မျက်မှန်အဖြူလေးတစ်လက်ရယ် နှောင်ကြိုးလေးနှစ်မျှင်ရယ်ပဲ ကိုယ်နဲ့အတူပါလာခဲ့တယ်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ဇနီးနဲ့အတူသမီးလေးကိုပါ အတူတကွ ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သည်ခေတ်နေ တို့ မိသားစု ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss