Tuesday, November 29, 2022

Latest Posts

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ Myanmar Idol က အဆိုတော် ယောကီး

Unicode Version

ပရိသတ်ကြီးရေ ယောကီး ကတော့ Myanmar Idol အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဉ်ပြိုင်ရင်း ထူးခြားတဲ့အသံရှိတာကြောင့် ပရိသတ်တွေ တစ်ခဲနက်ချစ်ခင်အားပေးခဲ့ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါအပြင် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေတွေမှာလည်း ယောကီး ကတော့ ပြည်သူတွေနဲ့အတူတူ တစ်သားတည်းရှိခဲ့တာကြောင့် ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။ ဒီနေ့မှာ တော့လူမှု့ကွန်ယ်ပေါ်မှာ ယောကီး တစ်ယောက်လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ပုံလေးတစ်ပုံ ပျံ့နှံ့နေပါတယ်။

ယောကီး လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ပုံလေးကြောင့် သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ ဂုဏ်ယူဝမ်း‌မြောက်နေကြပါတယ်။ ယောကီး ကတော့အစပိုင်းမှာ လှုပ်ရှားမှု့တွေသိပ်မတွေ့ရပေမယ့် အခုလိုလွတ်မြောက်နယ်မြေရောက်ရှိနေတာကြောင့် ပရိသတ်တွေက အံ့သြနေကြပါတယ်။ အခုလို လွတ်မြောက်နယ်မြေမှာ ရောက်ရှိပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အနုပညာရှင်တွေရဲ့ ပရိသတ်တွေကတော့ အားပေးရကျိုးနပ်ခဲ့ရတဲ့အတွက် ကျေနပ်ဝမ်းသာနေကြပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် ယောကီး အတွက်လဲ ‌ဆုတောင်းစကားလေးတွေ ပြောခဲ့ပါအုန်းနော်။ လွတ်‌မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ယောကီး သတင်းလေးကိုဂုဏ်ယူစွာနဲ့ မျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း‌ပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss