Saturday, December 3, 2022

Latest Posts

လေးစားရတဲ့ပြည်သူတွေကို လှုပ်ရှားမူ့တစ်ခုမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့ မင်းမော်ကွန်း

Unicode Version

ပရိသတ်ကြီးရေ ပြည်သူ့ချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချော မင်းမော်ကွန်း ကတော့ လက်ရှိမှာ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဉ်အတွင်း ကျရာတာဝန်များကို ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ ယုံကြည်ချက်ပြင်းထန်လွန်းတဲ့ မင်းသား မင်းမော်ကွန်း ဟာ အာဏာရှင်ကို အပြီးတိုင်တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေတာလဲဖြစ်ပါတယ်။ ဒီလိုကြိုးစားနေရင်း လွန်ခဲ့တဲ့ရက်ပိုင်းလောက်က မင်းမော်ကွန်း ရဲ့သမီးချောလေး လေပြေသွေး ရဲ့အသက် ၂၀ ပြည့်မွေးနေ့လေးမှာ သမီးလေးနဲ့အတူမရှိခဲ့ကြပါဖူး။ မင်းမော်ကွန်း ဟာ မကြာသေးခင်နာရီပိုင်းလောက်က ပြည်သူတွေကို လှုပ်ရှားမှု့တစ်ခုမှာ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မင်းသား မင်းမော်ကွန်း ဟာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ဆိုတဲ့ ကမ်ပိန်းတစ်ခုမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတော့ ပြည်သူတွေကိုလဲ ပါဝင်ဆောင်ရွက်ကြဖို့ အခုလိုပဲဖိတ်ခေါ်ထားခဲ့ပါတယ်။ ” ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ် EndImpunity_EndVAW နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဥ်ကျင်းပလေ့ရှိသော ၁၆ရက်တာလှုပ်ရှားမှု ကာလဖြစ်ပါသည်။ မနက်ဖြန်နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့်မဆို ကိုယ်တိုင်မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများလျော့ကျသွားစေရန် ပြည်သူအားလုံးဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကူညီကြပါရန်​လေးစားစွာတိုက်တွန်းအပ်ပါသည်။ ” လို့ လူမှု့ကွန်ယက်မှာ ဓာတ်ပုံလေးနဲ့အတူ ရေးသားမျှဝေထားပါတယ်။

Cele Only ပရိသတ်ကြီးရေ မင်းမော်ကွန်း ဖိတ်ခေါ်ထားတဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ် ကမ်ပိန်းလေးမှာ ပါဝင်‌ဆောင်ရွက်ပေးကြပါအုန်းနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။

ZawGyi Version

ေလးစားရတဲ့ျပည္သူေတြကို လႈပ္ရွားမူ႔တစ္ခုမွာ ပါဝင္ေဆာင္႐ြက္ၾကဖို႔ ဖိတ္ေခၚလိုက္တဲ့ မင္းေမာ္ကြန္း

ပရိသတ္ႀကီးေရ ျပည္သူ႔ခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မင္းသားေခ်ာ မင္းေမာ္ကြန္း ကေတာ့ လက္ရွိမွာ မိသားစုနဲ႔အတူ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ သူဟာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနစဥ္အတြင္း က်ရာတာဝန္မ်ားကို ထမ္းေဆာင္ေနတာကိုလဲ ေတြ႕ရပါတယ္။ ယုံၾကည္ခ်က္ျပင္းထန္လြန္းတဲ့ မင္းသား မင္းေမာ္ကြန္း ဟာ အာဏာရွင္ကို အၿပီးတိုင္တိုက္ထုတ္ဖို႔ ႀကိဳးစားအားထုတ္ေနတာလဲျဖစ္ပါတယ္။ ဒီလိုႀကိဳးစားေနရင္း လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က မင္းေမာ္ကြန္း ရဲ႕သမီးေခ်ာေလး ေလေျပေသြး ရဲ႕အသက္ ၂၀ ျပည့္ေမြးေန႔ေလးမွာ သမီးေလးနဲ႔အတူမရွိခဲ့ၾကပါဖူး။ မင္းေမာ္ကြန္း ဟာ မၾကာေသးခင္နာရီပိုင္းေလာက္က ျပည္သူေတြကို လႈပ္ရွားမႈ႕တစ္ခုမွာ ပါဝင္ေဆာင္႐ြက္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

မင္းသား မင္းေမာ္ကြန္း ဟာ အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈအဆုံးသတ္ဆိုတဲ့ ကမ္ပိန္းတစ္ခုမွာ ပါဝင္လႈပ္ရွားခဲ့ၿပီးေတာ့ ျပည္သူေတြကိုလဲ ပါဝင္ေဆာင္႐ြက္ၾကဖို႔ အခုလိုပဲဖိတ္ေခၚထားခဲ့ပါတယ္။ ” ျပစ္ဒဏ္ကင္းလြတ္ခြင့္အေလ့အထအျမစ္ျဖတ္ အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈအဆုံးသတ္ EndImpunity_EndVAW ႏိုဝင္ဘာလ (၂၅)ရက္ေန႔မွ ဒီဇင္ဘာလ (၁၀)ရက္ေန႔သည္ ကမာၻႏွင့္အဝန္းတြင္ ႏွစ္စဥ္က်င္းပေလ့ရွိေသာ ၁၆ရက္တာလႈပ္ရွားမႈ ကာလျဖစ္ပါသည္။ မနက္ျဖန္ႏိုဝင္ဘာလ ၂၅ရက္ေန႔တြင္ က်ေရာက္ေသာ အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈပေပ်ာက္ေရးေန႔တြင္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမ်ားကို မည္သည့္နည္းႏွင့္မဆို ကိုယ္တိုင္မက်ဴးလြန္သည့္အျပင္ ယင္းအၾကမ္းဖက္မႈမ်ားေလ်ာ့က်သြားေစရန္ ျပည္သူအားလုံးဖဲႀကိဳးျဖဴကမ္ပိန္းတြင္ပါဝင္ျခင္းျဖင့္ ကူညီၾကပါရန္​ေလးစားစြာတိုက္တြန္းအပ္ပါသည္။ ” လို႔ လူမႈ႕ကြန္ယက္မွာ ဓာတ္ပုံေလးနဲ႔အတူ ေရးသားမွ်ေဝထားပါတယ္။

Cele Only ပရိသတ္ႀကီးေရ မင္းေမာ္ကြန္း ဖိတ္ေခၚထားတဲ့ အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈအဆုံးသတ္ ကမ္ပိန္းေလးမွာ ပါဝင္‌ေဆာင္႐ြက္ေပးၾကပါအုန္းေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို အထူးေက်းဇူးတင္ရွိပါတယ္။

Latest Posts

Don't Miss