Tuesday, November 29, 2022

Latest Posts

လူနာတင်ယာဉ် တစ်စီးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

Unicode Version

သရုပ်ဆောင် ခန့်စည်သူ ကတော့ ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ ခန့်စည်သူ ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်တာကြောင့် လိုအပ်တဲ့ နေရာတွေမှာ အမြဲလှူဒါန်းနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။

လူနာတင်ယာဉ် တစ်စီးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ လှိုင်သာယာမြို့နယ် ယောမင်းကြီး ကွာရန်တင်းစင်တာမှာလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးများသယ်ယူရာတွင် အသုံးပြုရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် လိုအပ်နေတဲ့လူနာတင်ကား တစ်စီးကို လှူဒါန်းခဲ့ပါတယ် ။ ခန့်စည်သူ ဟာဆိုရင်တော့ စားဝတ်နေရး အဆင်မပြေကြတဲ့ ပြည်သူတွေ အတွက်လည်း မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အခြေခံစားသောက်ကုန်များ အလှူငွေများ မကြာခဏ လှူဒါန်းလျက်ရှိတာကို တွေ့ရပါတယ်။
ကိုဗစ်ကာလမှာလည်း ဆေးရုံတွေမှာ လိုအပ်တာတွေ လှူဒါန်းလျက်ရှိပါတယ် ။

လူနာတင်ယာဉ် တစ်စီးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

လိုအပ်နေတဲ့လူနာတင်ကားကို လှူဒါန်းခဲ့တဲ့ ခန့်စည်သူရဲ့ အလှူလေးကို သာဓု ခေါ်ပါတယ်။ ခန့်စည်သူနဲ့ ကာလဒါန အလှူလေးကို ပရိသတ်ကြီးလဲ သာဓုခေါ်ဆိုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

လူနာတင်ယာဉ် တစ်စီးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ZawGyi Version





Latest Posts

Don't Miss