Monday, November 28, 2022

Latest Posts

လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ စိတ်ကုန်သွားပြီဆိုတဲ့ ပြည်သူ့အချစ်တော် မင်းသမီး ပိုင်ဖြိုးသု

Unicode Version

ပိုင်ဖြိုးသု ကတော့ ပရိသတ်အားလုံးရဲ့ချစ်ခြင်းကို ခံယူထားတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နာမည်ကြီး မင်းသမီးတွေထဲကတစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်လက်ခံအားပေးမူ့ကို တစ်ခဲနက်ရရှိထားသူတစ်ဦးပါ။ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမူ့ကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “မီ” ဆိုတဲ့ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထူးခြားပြောင်‌မြောက်တဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပိုမိုလူသိများ နာမည်ကြီးလာခဲ့ပါတယ်။

မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။ ပိုင်ဖြိုးသု ဟာ လူတွေနဲ့ပေါင်းသင်းရတာ စိတ်ကုန်နေပြီဆိုတဲ့အကြောင်းကို ” လူတွေကိုစိတ်ကုန်သွားပြီဆိုတော့ ညည်းကဘယ်သူတွေနဲ့ အပေါင်းအသင်းလုပ်နေတာလဲ???” ဆိုပြီး သူမရဲ့လူမူ့ကွန်ယက်မှာ ဓာတ်ပုံလေးနဲ့အတူတင်ထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတဲ့ မင်းသမီး ပိုင်ဖြိုးသု ကိုအားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss