Thursday, December 8, 2022

Latest Posts

လွတ်မြောက်နယ်မြေ မှာ နေထိုင်ပေမယ့် ဘယ်တိုက်ပွဲမှဝင်မတိုက်ရတဲ့ အဖြစ်မှန်ကိုပြောပြလိုက်တဲ့ လူရွှင်တော် ပိုးလေး

Unicode Version

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။

ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

ဟားငါးကောင် လူရွှင်တော် ပိုးလေး ကတော့ ဘယ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တာလဲဆိုတဲ့‌ မေးခွန်းတွေမမေးကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ပိုးလေးရေးသားထားကတော့ “မှန်တာပြောရင် သေနတ်သံမပြောနဲ့ သီတင်းကျွတ် ဗြောက်အိုးဖောက်သံကြားရင်တောင် ကျွန်တော်ယောင်တတ်သူပါ။

လွတ်မြောက်နယ်မြေထဲရောက်တော့ PDF ညီတွေညီမတွေ သင်တန်းဆင်းပွဲသွားတော့လည်း သေနတ်သံတွေကိုကြားရတော့ ကျွန်တော်ယောင်ခဲ့ပါတယ်။ယောင်တာက အကျင့်လို့ဖြစ်နေတာကို။

ဒါပေမယ့် တိုက်ပွဲကြားမှာ ပြေးရင်းလွှားရင်းနဲ့ သေနတ်သံမပြောနဲ့ လက်နက်ကြီးအသံကိုပါ ကျွန်တော့နားက အေးဆေးဖြစ်သွားပါပြီ။

ဘယ်တိုက်ပွဲမှာ ပါခဲ့တာလဲလို့မမေးနဲ့ လက်နက်မရှိလို့ ပြေးခဲ့ရတာ။ကျွန်တော်တို့နဲ့ အတူနေခဲ့တဲ့ ညီတွေ ညီမတွေ အကုန်သိတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ညီအစ်ကိုတွေ အနောက်ကနေ ထောက်ပို့ပေးနိုင်အောင်လို့ ပိုပြီးတော့ အားစိုက်နေတာ” လို့ လူမှု့ကွန်ယက်ပေါ်မှာ အသိပေးထားတာကို တွေ့ရပါတယ်။

ZawGyi Version












Latest Posts

Don't Miss