Saturday, December 3, 2022

Latest Posts

ရာသီဥတုအေးလွန်းတာကြောင့် နေမကောင်းဖြစ်နေတဲ့ လူရွှင်တော် တိုင်းကျော်

Unicode Version

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။ ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ တောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။

ဆောင်းရာသီဖြစ်တာကြောင့် ချမ်းအေးလွန်းပြီး စောင်၊ခြင်ထောင် လုံလောက်စွာမရရှိတဲ့ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးတွေ ကူးစက်ပျံ့နှံ့နေတာကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တာလဲ ဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် တိုင်းကျော် ဟာ ရာသီဥတုအေးလွန်းတာကြောင့် နေမကောင်းဖြစ်နေတယ်လို့ ပရိသတ်ကြီးကို အသိပေးထားပါတယ်။ ” ဖျားနေတယ်ကွယ်” လို့ တိုင်းကျော် ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ သူ့ရဲ့ပိုစ်အောက်မှာ ကျန်းမာရေးဂရုစိုက်ဖို့ မှာကြားနေကြတဲ့ ပရိသတ်တွေရဲ့ ကောမန့်တွေကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ တောထဲမှာ ခက်ခက်ခဲခဲနေထိုင်ရင်း နေမကောင်းဖြစ်နေတဲ့ ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော် အတွက် အားပေးစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။

ZawGyi Version

ရာသီဥတုေအးလြန္းတာေၾကာင့္ ေနမေကာင္းျဖစ္ေနတဲ့ လူ႐ႊင္ေတာ္ တိုင္းေက်ာ္

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ြင္ေအာင္ ျပက္လုံးေတြနဲ႔ တင္ဆက္ေပးေနက်ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ ပရိသတ္အခ်စ္ေတာ္ အၿငိမ့္အဖြဲ႕ပဲျဖစ္ပါတယ္။ ျပက္လုံးေတြကိုဖန္တီးသ႐ုပ္ေဖာ္တာ ေတာ္႐ုံမက ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖတင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။ ရင္ဘတ္ခ်င္းတူ ညီအစ္ကိုငါးေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ သူတို႔အဖြဲ႕ဟာဆိုရင္ အမွန္တရားအတြက္ လြတ္‌ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ ေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္ အစားအေသာက္ အေနအထိုင္ ခက္ခဲၾကမ္းတမ္းပါတယ္။

ေဆာင္းရာသီျဖစ္တာေၾကာင့္ ခ်မ္းေအးလြန္းၿပီး ေစာင္၊ျခင္ေထာင္ လုံေလာက္စြာမရရွိတဲ့ ေတာထဲမွာ ခက္ခဲစြာေနထိုင္ေနၾကရတာပဲ ျဖစ္ပါတယ္။ ရာသီတုပ္ေကြးေတြ ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ က်န္းမာေရးကို အထူးဂ႐ုစိုက္ဖို႔ လိုအပ္တာလဲ ျဖစ္ပါတယ္။ ဟားငါးေကာင္အဖြဲ႕ဝင္ လူ႐ႊင္ေတာ္ တိုင္းေက်ာ္ ဟာ ရာသီဥတုေအးလြန္းတာေၾကာင့္ ေနမေကာင္းျဖစ္ေနတယ္လို႔ ပရိသတ္ႀကီးကို အသိေပးထားပါတယ္။ ” ဖ်ားေနတယ္ကြယ္” လို႔ တိုင္းေက်ာ္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။ သူ႔ရဲ႕ပိုစ္ေအာက္မွာ က်န္းမာေရးဂ႐ုစိုက္ဖို႔ မွာၾကားေနၾကတဲ့ ပရိသတ္ေတြရဲ႕ ေကာမန႔္ေတြကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ေတာထဲမွာ ခက္ခက္ခဲခဲေနထိုင္ရင္း ေနမေကာင္းျဖစ္ေနတဲ့ ဟားငါးေကာင္အဖြဲ႕ဝင္ တိုင္းေက်ာ္ အတြက္ အားေပးစကားေလးေတြ ေကာမန႔္မွာေရးသားသြားေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss