Saturday, November 26, 2022

Latest Posts

ယောက်ျားကို လူသိရှင်ကြားမလွမ်းရတဲ့ဘဝကြီးကိုမုန်းတယ် ဆိုတဲ့ ရွှေရည်သိန်းတန်

Unicode Version

အဆိုတော် ရွှေရည်သိန်းတန် ကတော့ မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာကြောင့် ပူဆွေးသောကရောက်နေရတာပဲဖြစ်ပါတယ်။ ရွှေရည်သိန်းတန် က အခုချိန်မှာ ခင်ပွန်းကိုသတိရလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာလေးရေးသားမိရင်တောင်ပြိုလဲနေပါပြီလို့ ထင်နေတဲ့သူတချို့ကြောင့် လူသိရှင်ကြားမလွမ်းရဲတဲ့အကြောင်းကို ရင်ဖွင့်လာတာဖြစ်ပါတယ်။

ယောက်ျားကို လူသိရှင်ကြားမလွမ်းရတဲ့ဘဝကြီးကိုမုန်းတယ် ဆိုတဲ့ ရွှေရည်သိန်းတန်

” လွမ်းလွန်းလို့တောင် လိုင်းပေါ်တက်ရေးရင်ဖွင့်မိရင်..ပြိုလဲနေပါပြီလို့ထင်ပြီးအကွက်ကောင်းစောင့်နေသူတွေကြောင့်..ကိုယ့်ယောက်ျားတောင် ကိုယ်ဝအောင် လူသိရှင်ကြားမလွမ်းရတဲ့ဘဝကြီးကို….မုန်းတယ်.. ငိုချင်တာတောင်..ငါ့မျက်ရည်ကြောင့်..ငါ့ယောက်ျားပူလောင်သွားမလားလို့ တွေးရင်း ..ဓာတ်ပုံလေးတချက်နမ်း..ချက်ခြင်း မျက်ရည်တိတ်..ပုတီးပြေးစိပ်ရတဲ့ ဘဝကို..မုန်းတယ်..ငါဘယ်လိုနေရမယ်..ငါဘယ်လိုထိုင်ရမယ်..ငါပိုမာကြောရမယ်..ငါ့ယောက်ျားက ငါဘယ်လိုနေတာကိုကြိုက်တယ်.ငါဆင်ခြင်ရမယ်..စသဖြင့်တွေးရင်း..အချိန်တိုအတွင်း..ဘာမှမဖြစ်ခဲ့သလိုပြန်တည်ဆောက်နေရတဲ့ စိတ်နှင့် ဘဝကို..မုန်းတယ်…ဒါပေမယ့်..ဒါတွေအားလုံးဟာ..၁၀နှစ်လုံးမိန်းမကိုမျက်ရည်တစက်မကျစေခဲ့အောင်ချစ်ပေးခဲ့သော…ယောက်ျားကို သိပ်ချစ်လွန်းလို့သူ့စိတ်နှင့် ကိုယ့်ကိုယ် အသက်ရှင်မယ်ဆိုတဲ့ အတွေးနှင့်တင် ကျေနပ်ပါတယ်ယောက်ျားရယ်မောင် စိတ်အေးနိုင်ပါစေ..” လို့ ရွှေရည်သိန်းတန် ကတော့ သူမရဲ့ဖေ့ဘွတ်မှာ ချစ်ရတဲ့ယောက်ကျားအတွက် ရေးသားထားပါတယ်။

ယောက်ျားကို လူသိရှင်ကြားမလွမ်းရတဲ့ဘဝကြီးကိုမုန်းတယ် ဆိုတဲ့ ရွှေရည်သိန်းတန်

ရွှေရည်သိန်းတန် က အခုဆိုရင် ခင်ပွန်းမရှိတော့တာကြောင့်ဝမ်းနည်းခံစားရပေမယ့်လည်း သွားလေသူအတွက်ရည်စူးပြီး အလှူအတန်းတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။ ရွှေရည်သိန်းတန် က ဘုရား၊တရားတွေလည်း ပိုလုပ်နေပြီး စိတ်ခံစားချက်ကိုဖြေသိမ့်နေတာပဲဖြစ်ပါတယ်။ ရွှေရည်သိန်းတန် ရဲ့ခင်ပွန်းလဲ ကောင်းရာမွန်ရာ‌ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ယောက်ျားကို လူသိရှင်ကြားမလွမ်းရတဲ့ဘဝကြီးကိုမုန်းတယ် ဆိုတဲ့ ရွှေရည်သိန်းတန်

ZawGyi Version





Latest Posts

Don't Miss