Monday, November 28, 2022
Latest Posts
ယနေ့အတွက် ထပ်မံဘေးကင်းလုံခြုံပါစေလို့ မေတ္တာပို့လိုက်တဲ့ ကရင်တိုင်းရင်းသားလေး မူးလာ
Unicode Version
ပရိသတ်ကြီးရေ ဆံပင်ရှည်ရှည် တိုင်းရင်းသားအဆိုတော်တစ်ဦးဖြစ်တဲ့ ‌ကရင်တိုင်းရင်းသားလေးဖြစ်တဲ့ စောခရစ်မူးလာ ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်နော်။ Myanmar Idol သီချင်းဆိုပြိုင်ပွွဲကြီးမှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး မိန်းကလေးပရိသတ်ပေါင်းများစွာကို အခိုင်အမာရရှိထားသူတစ်ယောက်လဲဖြစ်ပါတယ်။ Rock သီချင်းတွေကိုသီဆိုရတာကြိုက်နှစ်သက်သူဖြစ်ပြီး အသံပါဝါကောင်းကောင်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဒါအပြင် မူးလာ ရဲ့ခိုင်မာတဲ့စိတ်ထားကိုသိလိုက်ရတဲ့အချိန်မှာတော့ အားပေးရတဲ့ပရိသတ်တွေကတော့ အရင်ကထက်ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။ ကရင်လူမျိုးဖြစ်တဲ့ စောခရစ် မူးလာ ဟာအမှန်တရားအတွက် လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ မူးလာ ဟာ ကရင်ပြည်နယ်မှာအတွက် ဆုတောင်းစကားလေးတွေကို သူ့ရဲ့အကောင့်မှာ အခုလိုပဲရေးသားထားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီ နဲ့ KNLA တပ်တွေနဲ့ စစ်ပွဲတွေပြင်းထန်နေတာကြောင့် မြို့နယ်တွင်းမှာနေထိုင်တဲ့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးကပြည်သူတွေက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်မှာနေထိုင်သူတွေအတွက် ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။ ကရင်လူမျိုးဖြစ်တဲ့ အဆိုတော် မူးလာ ဟာ ကရင်ပြည်နယ်ကပြည်သူတွေအတွက် ဆုတောင်းစကားကို ” ယနေ့အတွက် ထပ်မံဘေးကင်းလုံခြုံပါစေ ခွေးတွေမပါ ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ မူးလာ ကိုချစ်တဲ့ပရိသတ်တွေကတော့ ပုဒ်မ ၅၀၅ က နဲ့ လက်ရှိမှာထွက်ပြေးတိမ်းရှောင်နေရတဲ့ သူ့အတွက် စိတ်ပူနေတယ်ဆိုတဲ့အကြောင်းကို ရေးသားထားကြပါသေးတယ်။
ပရိသတ်ကြီးရေ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။
ZawGyi Version
Latest Posts
Don't Miss