Saturday, December 3, 2022

Latest Posts

မွေးနေ့အကြိုအဖြစ် ထူးဆန်းတဲ့လက်ဆောင် လက်ခံရရှိခဲ့တဲ့ မင်းသမီး မျိုးစန္ဒီကျော်

Unicode Version

VCD ခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေချစ်ခင်အားပေးမှု့ကို ရရှိထားတဲ့သူကတော့ မင်းသမီး မျိုးစန္ဒီကျော် ပဲဖြစ်ပါတယ်။ သူမဟာ ဆွဲဆောင်မှု့ကောင်းတဲ့ မျက်လုံးမျက်ဖန်ကောင်းကောင်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် တစ်ခေတ်တစ်ခါထဲက ယောက်ကျားလေးပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တာပါနော်။ အကြမ်းအနုကာရိုက်တာစုံကို သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ပရိသတ်တိုင်းကချစ်ခင်အားပေးကြပါတယ်။ လက်ရှိမှာအနုပညာလှုပ်ရှားမှု့တွေ ရပ်နားထားပြီး သူမရဲ့ချစ်ခင်ရတဲ့တစ်ဦးထဲသော သမီးလေးနဲ့သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေပါတယ်။ မျိုးစန္ဒီကျော် ဟာ မွေးနေ့မတိုင်မီရတဲ့ မွေးနေ့လက်ဆောင်ကြောင့် အံ့သြဝမ်းသာနေပါတယ်။

မင်းသမီး မျိုးစန္ဒီကျော် ကတော့ မွေးနေ့အကြိုလက်ဆောင်အဖြစ် စားပင်သီးပင်တွေစိုက်ပျိုးထားတဲ့ ခြံအကျယ်ကြီးတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် အံ့သြဝမ်းသာစွာနဲ့ ” မွေးနေ့မတိုင်မီရတဲ့ မွေးနေ့လက်ဆောင် အံ့ဩဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲမိတယ် ကျေးဇူးတင်ပါတယ်ဆိုတာထက် ပြောလို့ရရင် ပြောချင်တယ် ဒီ့ထက်အများကြီးကျန်းမာပျော်ရွှင်အောင်မြင်ပါစေနော် ဒီနေ့လေးကိုအမှတ်တရဖြစ်အောင်လို့တင်တာပါ ” လို့ လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ခြံကြီးရဲ့ဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့ပျော်ရွှင်မှု့ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ လာမယ့်ဇန်နဝါရီလ ၇ ရက်နေ့ကတော့ မင်းသမီး မျိုးစန္ဒီကျော် ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ Single Mother ဖြစ်တဲ့သူမကတော့ လက်ရှိအချိန်မှာ ချစ်ရတဲ့သမီးချောလေးကို စောက်ရှောက်ရင်းနဲ့ နှစ်ယောက်အတူဖြတ်သန်းနေပါတယ်နော်။

မွေးနေ့အကြိုအဖြစ်ရရှိခဲ့တဲ့ လက်ဆောင်လေးကြောင့် ပရိသတ်တွေကတော့ ဝမ်းသာအားကျနေကြပါတယ်နော်။ မင်းသမီး မျိုးစန္ဒီကျော် လဲချစ်ရတဲ့သမီးလေးနဲ့အတူ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ပြီးတော့ သာယာပျော်ရွှင်ပါစေလို့ မွေးနေ့အကြိုအဖြစ် ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Vesion





Latest Posts

Don't Miss