Saturday, December 3, 2022

Latest Posts

မြောက်ဒဂုံ က ပြည်သူတွေ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

Unicode version

ပရိသတ်ကြီးရေ မင်းသမီးချော ခိုင်နှင်းဝေ ကတော့ရုပ်ရှင်လောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လိုအပ်နေသူတွေအတွက် ကူညီပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ ။

မြောက်ဒဂုံ က ပြည်သူတွေ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ
မြောက်ဒဂုံ က ပြည်သူတွေ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ယနေ့ ဩဂုတ်လ (၄) ရက်နေ့မှာလည်း မြောက်ဒဂုံ ဒုက္ခသည် စခန်းက ပြည်သူတွေကို ကြက်ဥကဒ် တစ်အိမ်လျှင် တစ်ကဒ် ဝေမျှခဲ့ပါတယ် ။ ခိုင်နှင်းဝေ ကတော့ အလှူနဲ့ ပတ်သက်ပြီး ” မြောက်ဒဂုံဘက်မှ ဒုက္ခသည် စခန်းဘက်သို့ ကြက်ဥ အလုံးတစ်သောင်း လှူဖြစ်ခဲ့ပါတယ်ရှင်….ပျော်ပြီး ဆုတောင်းပေးကြတဲ့ အတွက်လဲ အမောတွေ ပြေခဲ့ပါတယ်..ဘာပဲလိုလို အမြဲ ကူညီပေးပါသော (၄၃) အုပ်ချုပ်ရေ းမှုး ကိုနေလင်းအောင် နှင့် အလင်းရောင် ပရဟိတ မောင်မယ်များ အဖွဲ့ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ခုနှစ်ရက် သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းသော ကာလ ဒါန အလှူလေးပဲ ဖြစ်ပါတယ်ရှင်..”ရေးသားဖော်ပြထားပါတယ်။

erts4536-225x300
မြောက်ဒဂုံ က ပြည်သူတွေ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကတော့ အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာများအတွက် အောက်ဆီဂျင်အိုးများစွာကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် ရေဘေးသင့်ဒေသတွေအတွက်လည်း ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့ပါသေးတယ် ။ ခိုင်နှင်းဝေ ရဲ့ ကာလဒါနအလှူလေးကို ပရိသတ်ကြီး သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

မြောက်ဒဂုံ က ပြည်သူတွေ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ZawGyi Version





Latest Posts

Don't Miss