Tuesday, November 29, 2022
Latest Posts
မြန်မာသံစဥ် အဆိုတော် မိုးသက်နိုင် ကွယ်လွန်ရတဲ့အကေြာင်းအရင်းကို ပြောပြလာခဲ့တဲ့ ဗညားဟန်
Unicode Version
မြန်မာသံစဉ်တွေကို စွဲစွဲမြဲမြဲသီဆိုပြီးတော့ နယ်ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မြန်မာသံစဉ်အဆိုတော် မိုးသက်နိုင် ကိုတော့ မြန်မာသံစဉ်ကိုချစ်တဲ့ ပရိသတ်အားလုံးသိကြမယ်ထင်ပါတယ်။ သံယောဇဉ်မလေး သီချင်းနဲ့ပရိသတ်တွေကြားထဲ ပိုမိုလူကြိုက်များခဲ့တဲ့ မိုးသက်နိုင် ဟာ ယနေ့နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာသံစဉ်တွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက်ကတော့ ဒီနေ့ကဝမ်းနညး်စရာအကောင်းဆုံးနေ့တစ်နေ့ပါပဲ။ မိုးသက်နိုင် ကွယ်လွန်ရတဲ့အကေြာင်းအရင်းကို အနုပညာညီအကိုတစ်ဦးဖြစ်တဲ့ အဆိုတော် ဗညားဟန် က အခုလိုပဲပြောပြလာခဲ့ပါတယ်။
အဆိုတော် မိုးသက်နိုင် ဟာ ‌ကိုဗစ်ရောဂါကြောင့် နေပြည်တော်ဆေးရုံကြီးမှာ ‌တတ်ရောက်ကုသနေစဉ် ရုတ်တရတ်အောက်စီဂျင်ထိုးကျပြီး နိုဝင်ဘာလ ၁၁ရက်နေ့ ၁၁နာရီခွဲကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ” စောလွန်းတယ် ညီလေး မိုးသက်နိုင်ရာ…ကောင်းရာ မွန်ရာ ရောက်ပါစေကွာ…( အောက်စီဂျင်ကျ )” ဗညားဟန် ကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှ‌ာပေါ်မှာ ရေးသားထားပါတယ်။ မြန်မာသံစဉ်လောကရဲ့ အဖိုးတန်ကြယ်ပွင့်ကြွေလွင့်သွားတာကြောင့် ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေက ဝမ်းနည်းနှမြောတသဖြစ်နေကြပါတယ်။
ပရိသတ်ကြီးရေ ကိုဗစ်ရောဂါကတော့ ကြောက်စရာအရမ်းကောင်းပါတယ်၊ ကိုဗစ်တတိယလှိုင်းပြီးဆုံးသွားပီလို့ ကြော်ငြာမှု့တွေရှိနေပေမယ့် ကိုဗစ်ကြောင့် အနုပညာရှင်တစ်ဦးထပ်မံကြွေလွင့်ပြန်ပါပြီ။ မြန်မာသံစဥ် အဆိုတော် မိုးသက်နိုင် ကွယ်လွန်သွားတဲ့ သတင်း‌ေကြာင့် မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်၊ ကောင်းရာမွန်ရာရောက်ရှိပါစေလို့ Cele Only မှဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
မြန်မာသံစဉ် အဆိုတော် မိုးသက်နိုင် ကွယ်လွန်ရတဲ့အကြောင်းအရင်းကို ပြောပြလာခဲ့တဲ့ ဗညားဟန်
Latest Posts
Don't Miss