Home Myanmar Celebrity မြန်မာပြည်မှာ လူဖြစ်ရတာကံကောင်းတယ်ဆိုတဲ့ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ သရုပ်ဆောင် ခင်သန်းနွယ်

မြန်မာပြည်မှာ လူဖြစ်ရတာကံကောင်းတယ်ဆိုတဲ့ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ သရုပ်ဆောင် ခင်သန်းနွယ်

6269

Unicode Version

စာဖတ်ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ မင်းသား၊မင်းသမီးဆိုတဲ့ ဇာတ်ဆောင်တွေသာမက ဇာတ်ပို့၊ဇာတ်ရန်သရုပ်ဆောင် တွေဟာလဲ အဓိကကျတဲ့နေရာမှာ ပါဝင်ပါတယ်။ ဒါပေမယ့် အနုပညာကြေး ကတော့ အဓိကဇာတ်ဆောင်တွေလောက်မရကြပေမယ့် အနုပညာအလုပ်ကို လုပ်နေရရင် ပျော်နေကြသူတွေဖြစ်တာကြောင့် ရတဲ့ငွေကြေးလေးနဲ့ လုပ်ကိုင်နေကြသူတွေပဲ ဖြစ်ပါတယ်။ လက်ရှိကာလမှာ အနုပညာလုပ်ငန်းတွေ ရပ်နားထားတာကြောင့် အချို့သရုပ်ဆောင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် အန်တီ ခင်သန်းနွယ်ကတော့ ဘဝတူရုပ်ရှင်အနုပညာညီအစ်ကို မောင်နှမတွေကိုချစ်လို့ တတ်နိုင်သလောက် လှူဒါန်းလိုက်ပါတယ်။

သရုပ်ဆောင် ခင်သန်းနွယ် ဟာ ကိုယ်တိုင်လဲ အခက်အခဲတွေရှိပေမယ့်လဲ သူမထက်ပိုခက်ခဲနေတဲ့ သရုပ်ဆောင်တွေအတွက် တတ်နိုင်သလောက် လူအယောက် ၁၅၀ စာအတွက် ကြာဇံကြော်ကို ကိုယ်တိုင်ကြော်ပြီး လှူဒါန်းဖြစ်ခဲ့ပါတယ်။ ” ဒီထက်မကပိုလှူချင်ပေမယ့် နိုင်သလောက် အခက်အခဲတွေရှိပေမယ့် လှူချင်လို့ ကိုယ်တိုင်ကြော်ပြီး လှူဖြစ်ခဲ့တာပါ အရင်ကလဲ ပိုက်ဆံတွေလှူဒါန်းဖြစ်တယ် အခုတော့ ကြာဇံကြော်ပဲလှူဖြစ်တော့တယ်” လို့ လဲ ဆိုပါတယ်။ အနုပညာသမားတွေထဲကမှ လူကြမ်းတွေ ဇာတ်ပို့ဇာတ်ရန်တွေကို ပိုချစ်တယ်၊အရမ်းလဲခင်တယ် သူတို့က အနုပညာကြေးနည်းနည်းပဲ ရကြတာပါတဲ့။ အခုလက်ရှိ အွန်လိုင်းပေါ်မှာ ပေါက်နေတဲ့ ” မြန်မာပြည်မှာ နေရတာ သိပ်ကိုကံကောင်းတယ်” ဆိုတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ပရိသတ်ကြီးလဲ သိလိမ့်မယ်ထင်ပါတယ်။

သရုပ်ဆောင် ခင်သန်းနွယ် ဟာ ကိုယ်တိုင်ကလဲ ဖေ့ဘွတ်သိပ်မသုံးဖြစ်တာကြောင့် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ပေါက်သွားတာ မသိခဲ့ပါဘူး။ အဲ့ဒီဇာတ်ဝင်ခန်း ဟာ ရိုက်ကူးထားတာ အလွန်ကြာမြင့်ပြီဖြစ်ပါတယ်၊ အခုလက်ရှိမြန်မာပြည်မှာ ဖြစ်နေတာတွေကို ပြောတာမဟုတ်ပါဖူးနော်။ ” အန်တီက မြန်မာပြည်ကိုချစ်တယ် မြန်မာပြည်မှာပဲ နေချင်တယ် ရွှေတိဂုံဘုရားကြီးအရိပ်မှာ ပဲ‌နေချင်တယ် ဒါကြောင့် မြန်မာပြည်မှာနေရတာ သိပ်ကံကောင်းတယ်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောခဲ့တာပါ။ ဒါပေမယ့် အဲ့ဒါတွေက အခုတော ရယ်စရာဖစ်နေတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့တာကြောင့် စာဖတ်တယ်၊သီချင်းနားထောင်တယ်၊ဘုရားတရားလုပ်တယ်။ အခုချိန်ထိ လက်ခံအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version



