Tuesday, December 6, 2022

Latest Posts

မျက်လုံးအပြင်ဘက်ရှိအဆီပိုများကို ခွဲစိတ်ပြုပြင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ကြီး နိုင်လူ

Unicode Version

ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ နိုင်လူ ကတော့ မြန်မာ့ရုပ်ရှင်ဗီဒီယိုဇာတ်ကားအများစုမှာ လူကြမ်းသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သရုပ်ဆောင် နိုင်လူ ဟာလူကြမ်းသရုပ်ဆောင်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို မြောက်မြားစွာရှိခဲ့ပါတယ်။ လက်ရှိမှာရုပ်ရှင်ရိုက်ကူးမှု့တွေ နားထားပေမယ့် လူမှု့ကွန်ယက်ပေါ်မှာတော့ နေစဥ်လှုပ်ရှားမှု့လေးတွေကို တင်ပေးနေတာပဲဖြစ်ပါတယ်။ ဦးနိုင်လူကြီးကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ခေတ်ဆည်းဆာ ဆိုတဲ့ သမီးလေး ကိုပိုင်ဆိုင်ထားပါသေးတယ်။ မျက်လုံးအပြင်ဘက်မှာရှိနေတဲ့ အဆီပိုတွေကိုခွဲစိတ်ပြုပြင်ခဲ့တယ်လို့ သရုပ်ဆောင် နိုင်လူ ကပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး နိုင်လူ ကတော့မျက်လုံးနဲ့ပတ်သတ်တဲ့ ခွဲစိတ်ပြုပြင်မှု့တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ” ယနေ့မျက်လုံးအပြင်ရှိအဆီပိုများခွဲစိတ်ပြုပြင် မေတ္တာဖြင့်ကူညီပြုလုပ်ပေးသည့် ညီမလေးကျေးဇူးအထူးပါ သာလီစွပါမြမြခင် “လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ အလှအပနဲ့ပတ်သတ်တဲ့ ဆေးခန်းတစ်ခုမှာ ခွဲစိတ်မှု့ကို ပြုလုပ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ မျက်လုံးအပေါ်က အဆီပိုတွေအားလုံးကင်းရှင်းသွားပြီလို့ သိရပါတယ်။ အဆိုပါပိုစ်အောက်မှာတော့ ပရိသတ်တွေက အဆီပိုတွေကင်းစင်သွားတဲ့ ဦးနိုင်လူ ရဲ့ မျက်လုံးအနေအထားကို သိချင်နေကြပါတယ်။

ကဲ…Cele Only ပရိသတ်ကြီးရေ ဦးနိုင်လူ ရဲ့ မျက်နှာကတော့ အခုချိန်မှာ အဆီပိုကင်းစင်တဲ့ မျက်လုံးလေးကို ပိုင်ဆိုင်သွားပြီးတော့ ခန့်ချောကြီးဖြစ်သွားပါပြီနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

ZawGyi Version





Latest Posts

Don't Miss