Sunday, November 27, 2022

Latest Posts

မော်ဒယ် သန္တာလှိုင် ရေကြည်အိုင်စစ်ကြောရေးသို့ ပို့ဆောင်ခံထားရတဲ့ သတင်းများထွက်‌ေပေါ်

Unicode Version

ပရိသတ်ကြီးရေ ‌ဝါရင့်မော်ဒယ် သရုပ်ဆောင် သန္တာလှိုင် ဟာအမှန်တရားအတွက် ပြည်သူတွေနဲ့အတူတူ ရပ်တည်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ကနဲ့တရားဆိုခံထားရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုထားကြောင့် သူမကတော့မိသားစုနဲ့အတူ လုံခြုံတဲ့နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ မကြာသေးခင်ရက်ပိုင်းလောက်က သန္တာလှိုင် ဟာသူမကိုချစ်တဲ့ ပရိသတ်တွေကိုလွမ်းနေပြီးတော့ ပြည်သူတွေဘေးကင်းကျန်းမာပါစေဆိုတဲ့ သူမလေ့ကျင့်ခန်းလုပ်နေတဲ့ ဓာတ်ပုံလေးနဲ့အတူ ‌ဖေ့ဘွတ်မှာရေးသားခဲ့ပါသေးတယ်။ မော်ဒယ် သန္တာလှိုင် ကတော့မနေ့ကနိုဝင်ဘာလ ၁၄ရက်နေ့က ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။

ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မော်ဒယ်၊ သရုပ်​ ဆောင်သန္တာလှိုင် ရေကြည်အိုင်စစ်ကြောရေးသို့ ပို့ဆောင်ခံထားရကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာမယ့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နဲ့ လိုက်ပါဖို့ ရန်ကုန်လေဆိပ်ရောက်လာခဲ့ပြီး၊ လေယာဥ်ပေါ် အတက်မှာ တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ သူမခင်ပွန်းကတော့စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် သန္တာလှိုင် ကတော့ လေယာဥ်ပေါ်တက်ခွင့်မရခဲ့တဲ့အတွက် သူမခင်ပွန်းက လေယာဉ်ပေါ်မတတ်ဘဲ လှည့်ပြန်သွားတယ်လို့ သိရပါတယ်။ သန္တာလှိုင် ခင်ပွန်းကိုဖမ်းဆီးသွားခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ရန်ကုန်လေဆိပ်မှာ အရပ်ဝတ်နဲ့ရဲအများအပြားရှိရတယ်လို့ သတင်းတွေအရ သိရပါတယ်။

မော်ဒယ် သရုပ်ဆောင် သန္တာလှိုင် ကိုရေကြည်အိုင်စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာကြောင့် သူမကိုချစ်တဲ့ ပရိသတ်တွေက စိုးရိမ်စိတ်ပူနေကြတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် သန္တာလှိုင် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ Cele Only မှ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

မော်ဒယ် သန္တာလှိုင် ရေကြည်အိုင်စစ်ကြောရေးသို့ ပို့ဆောင်ခံထားရတဲ့ သတင်းများထွက်‌ပေါ်




Latest Posts

Don't Miss