Tuesday, November 29, 2022

Latest Posts

မေကြီးရဲ့အပြုံးလေးတွေ အရမ်းလွမ်းတာပဲဆိုတဲ့ သရုပ်ဆောင် သွန်းသစ္စာဇော်

Unicode Version

သွန်းသစ္စာဇော် ကတော့ အပြုံးချိုချို လေးတွေကို ပိုင်ဆိုင်ပြီးတော့ MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်အချစ်ကိုရရှိလာခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမကိုပရိသတ်တွေ သတိထားမိတဲ့ဇာတ်လမ်းတွဲကတော့ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ တွဲဖက်သရုပ်ဆောင်ထားခဲ့တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲကလဲ ပရိသတ်တွေကြားထဲမှာ နာမည်အတော်ကြီးခဲ့ပါတယ်။ သရုပ်ဆောင် သွန်းသစ္စာဇော် ရဲ့မိခင်ဖြစ်သူဟာ ကိုဗစ်တတိယလှိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကျောက်ကပ်ရောဂါအခံရှိတဲ့ သူမရဲ့မိခင်ဖြစ်သူကတော့ ကိုဗစ်ကြောင့်ကွယ်လွန်သွားခဲ့တာ ၅လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ သူမမိခင်ဖြစ်သူကို လွမ်းနေတယ်ဆိုတဲ့အကြောင်းကို ဝမ်းနည်းစွာရင်ဖွင့်လာပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူတွေရဲ့အသက်တွေ တော်တော်များများဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အောက်ဆီဂျင်မလုံလောက်မှု့ကြောင့် အချိန်မတိုင်ဘဲ ကွယ်လွန်ခဲ့ရတဲ့အသက်တွေမြောက်မြားစွာ ရှိခဲ့ပြီး ရောဂါအခံကြောင့် ကွယ်လွန်ခဲ့ရတဲ့သူတွေလဲ ရှိခဲ့ပါတယ်။ သရုပ်ဆောင် သွန်းသစ္စာဇော် ရဲ့မိခင်က ကျောက်ကပ်ရောဂါအခံရှိတာကြောင့် ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။ ” မေကြီးမရှိတော့တာ ၅လ တောင်ရှိသွားပြီ သမီးရဲ့ တီးတိုးဖော်လေး နှစ်ယောက်တည်းပြောပြချင်တဲ့စကားလေးတွေ ရင်ထဲမှာပဲထားနေရတာ ၅လပေါ့ ရောဂါတွေခံစားနေရတာတောင် သမီးရှေ့အမြဲချစ်ဖို့ကောင်းအောင်ပြုံးပြတတ်တဲ့ စိတ်မပူစေချင်တဲ့ မေကြီးရဲ့အပြုံးလေးတွေ အရမ်းလွမ်းတာပဲ မေကြီး ကောင်းရာဘုံဘဝမှာ အနာကင်းအဆင်းလှပါစေ ” လို့ သူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။

ပရိသတ်ကြီးရေ မိခင်ကွယ်လွန်ခဲ့တာ ၅ လပြည့်မှာ ဝမ်းနည်းနေတဲ့ သရုပ်ဆောင် သွန်းသစ္စာဇော် အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီး ကပ်ရောဂါဘေးမှ ကင်းဝေးပြီးတော့ နိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version

ေမႀကီးရဲ႕အၿပဳံးေလးေတြ အရမ္းလြမ္းတာပဲဆိုတဲ့ သ႐ုပ္ေဆာင္ သြန္းသစၥာေဇာ္

သြန္းသစၥာေဇာ္ ကေတာ့ အၿပဳံးခ်ိဳခ်ိဳ ေလးေတြကို ပိုင္ဆိုင္ၿပီးေတာ့ MRTV-4 ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း ပရိသတ္အခ်စ္ကိုရရွိလာခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ သူမကိုပရိသတ္ေတြ သတိထားမိတဲ့ဇာတ္လမ္းတြဲကေတာ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားခဲ့တဲ့ “အမုန္းမွသည္” ဇာတ္လမ္းတြဲကလဲ ပရိသတ္ေတြၾကားထဲမွာ နာမည္အေတာ္ႀကီးခဲ့ပါတယ္။ သ႐ုပ္ေဆာင္ သြန္းသစၥာေဇာ္ ရဲ႕မိခင္ျဖစ္သူဟာ ကိုဗစ္တတိယလႈိင္းေၾကာင့္ အသက္ဆုံးရႈံးခဲ့ရပါတယ္။ ေက်ာက္ကပ္ေရာဂါအခံရွိတဲ့ သူမရဲ႕မိခင္ျဖစ္သူကေတာ့ ကိုဗစ္ေၾကာင့္ကြယ္လြန္သြားခဲ့တာ ၅လျပည့္ခဲ့ၿပီပဲျဖစ္ပါတယ္။ သူမမိခင္ျဖစ္သူကို လြမ္းေနတယ္ဆိုတဲ့အေၾကာင္းကို ဝမ္းနည္းစြာရင္ဖြင့္လာပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ကိုဗစ္တတိယလႈိင္းေၾကာင့္ ျပည္သူေတြရဲ႕အသက္ေတြ ေတာ္ေတာ္မ်ားမ်ားဆုံးရႈံးခဲ့ရတာပဲျဖစ္ပါတယ္။ ေအာက္ဆီဂ်င္မလုံေလာက္မႈ႕ေၾကာင့္ အခ်ိန္မတိုင္ဘဲ ကြယ္လြန္ခဲ့ရတဲ့အသက္ေတြေျမာက္ျမားစြာ ရွိခဲ့ၿပီး ေရာဂါအခံေၾကာင့္ ကြယ္လြန္ခဲ့ရတဲ့သူေတြလဲ ရွိခဲ့ပါတယ္။ သ႐ုပ္ေဆာင္ သြန္းသစၥာေဇာ္ ရဲ႕မိခင္က ေက်ာက္ကပ္ေရာဂါအခံရွိတာေၾကာင့္ ကြယ္လြန္ခဲ့ရတာျဖစ္ပါတယ္။ ” ေမႀကီးမရွိေတာ့တာ ၅လ ေတာင္ရွိသြားၿပီ သမီးရဲ႕ တီးတိုးေဖာ္ေလး ႏွစ္ေယာက္တည္းေျပာျပခ်င္တဲ့စကားေလးေတြ ရင္ထဲမွာပဲထားေနရတာ ၅လေပါ့ ေရာဂါေတြခံစားေနရတာေတာင္ သမီးေရွ႕အၿမဲခ်စ္ဖို႔ေကာင္းေအာင္ၿပဳံးျပတတ္တဲ့ စိတ္မပူေစခ်င္တဲ့ ေမႀကီးရဲ႕အၿပဳံးေလးေတြ အရမ္းလြမ္းတာပဲ ေမႀကီး ေကာင္းရာဘုံဘဝမွာ အနာကင္းအဆင္းလွပါေစ ” လို႔ သူမရဲ႕လူမႈ႕ကြန္ယက္မွာ ေရးသားထားတာကို ဝမ္းနည္းစြာေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ မိခင္ကြယ္လြန္ခဲ့တာ ၅ လျပည့္မွာ ဝမ္းနည္းေနတဲ့ သ႐ုပ္ေဆာင္ သြန္းသစၥာေဇာ္ အတြက္ အားေပးစကားေလးေတြကို ေကာမန႔္မွာ ေရးသားေပးခဲ့ပါအုန္းေနာ္။ ျမန္မာျပည္ႀကီး ကပ္ေရာဂါေဘးမွ ကင္းေဝးၿပီးေတာ့ ႏိုင္ငံေတာ္ႀကီး အျမန္ဆုံးၿငိမ္းခ်မ္းပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

Latest Posts

Don't Miss